တရုတ်နိုင်ငံ၊ ဟန်နန်ပြည်နယ်မှာ ဆရာတစ်ယောက်က စာသင်ချိန်အတွင်း ကျောင်းသူ/သားတွေကို (၅၀)ကီလိုဂရမ်ရှိတဲ့ နေကြာစေ့တွေကို ဝေစုအလိုက်ခွဲဝေပြီး ထိုင်စားခိုင်းတဲ့ ပြစ်ဒဏ်မျိုး ထူးထူးဆန်းဆန်း အပြစ်ပေးတဲ့ ကိစ္စနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံ လူမှုကွန်ယက်ပေါ်တွင် ဝေဖန်မှုတွေ အမျိုးမျိုးဖြစ်ပေါ်နေလျှက်ရှိသည်။
ဓါတ်ပုံတင်ခဲ့သူက "ကျောင်းသားတွေကို နေကြာစေ့ (၅၀) ကီလိုဂရမ် ကုန်အောင် စားခိုင်းတာ အတော်ချမ်းသာတဲ့ ဆရာတစ်ယောက်ဘဲ”လို့ ရေးသားဖေါ်ပြထားသည်။
လူမှုကွန်ယက် Sina Weibo မှာ ဝေဖန်ကြည့်ရှုသူ ဦးရေဟာ (၄၀၀၀၀)ခန့်ရှိကြောင်းသိရပြီး လူမှုကွန်ယက်ရဲ့ ဝေဖန်မှုအများဆုံး ခေါင်းစဉ်တစ်ခုဖြစ်တယ်လို့ သိရှိရသည်။
ဘာသာပြန် ။ ။ မင်းသုတ
Ref; CCTV