လိုင်စင်မဲ့ ဆိုင်ကယ်များအား ဇူလိုင်လ ၄ ရက်နေ့ မကျော်လွန်မီအချိန်ထိ လိုင်စင်ပြုလုပ်နိုင်

လိုင်စင်မဲ့ ဆိုင်ကယ်များအား ဇူလိုင်လ ၄ ရက်နေ့ မကျော်လွန်မီအချိန်ထိ လိုင်စင်ပြုလုပ်နိုင်
ဇွန် 19, 2014
By Tachileik News Agency

မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် လိုင်စင်မဲ့ ဆိုင်ကယ်များကို လိုင်စင်ပြုလုပ်ပေး စီမံချက်ကာလအဖြစ် ၂၀၁၄ခုနှစ် ဖေဖော်ဝါရီလ(၁၇)ရက်နေ့မှ စတင်၍ ၂၀၁၄ခုနှစ် ဇူလိုင်လ(၄)ရက်နေ့အထိ သတ်မှတ်ထားရာ ယခုအချိန်မှာ လိုင်စင်ပေးကာလ ကုန်လွန်တော့မှာ ဖြစ်သည့်အတွက် လိုင်စင်မပြုလုပ်ရသေးသည့် ဆိုင်ကယ်များအား သတ်မှတ်ကာလမကျော်လွန်မီ လိုင်စင်ပြုလုပ်ရန် လိုအပ်ကြောင်း တာချီလိတ်ခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနရုံးမှ သိရသည်။

{ တရုတ်နိုင်ငံလုပ် ဆိုင်ကယ်များ၏ လိုင်စင်ခ နှုန်းထားများကို ကြည့်ရန် }

"ဇွန်လ(၁၈)ရက်နေ့အထိ ဆိုင်ကယ်လိုင်စင်ပြုလုပ်ပေးထားတာ စုစုပေါင်း အစီး(၇၀၆၇)ရှိပါပြီ၊ လိုင်စင်သတ်မှတ်ကာလမကျော်လွန်မီ လိုင်စင်မလုပ်ရသေးတဲ့ ဆိုင်ကယ်တွေကို စနေ တနင်္ဂနွေ ရုံးပိတ်ရက်ကလွဲရင် ဆောင်ရွက်ပေးနေပါတယ်"ဟု တာချီလိတ်ခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနရုံးမှ တာဝန်ရှိသူတစ်ဦးက တာချီလိတ်အွန်လိုင်းသို့ ပြောသည်။

{ ထိုင်းနိုင်ငံလုပ် ဆိုင်ကယ်များ၏ လိုင်စင်ခ နှုန်းထားများကို ကြည့်ရန် }

"လိုင်စင်လုပ်ပေးတဲ့ သတ်မှတ်ရက်ပြီးသွားရင် လိုင်စင်မရှိတဲ့ ဆိုင်ကယ်တွေကို ဖမ်းဆီးအရေးယူပြီး သိမ်းဆည်းမယ်လို့ ကြားမိတယ်ဗျ၊ အဲ့ဒါကြောင့် ကျွန်တော့်ဆိုင်ကယ်လည်း ပြီးခဲ့တဲ့ အင်္ဂါနေ့ကမှလိုင်စင်လုပ်လိုက်တယ်"ဟု ရွှေတာချီခရီးသွားလုပ်ငန်းမှ အငှားဆိုင်ကယ်ပြေးဆွဲသူ တစ်ဦးမှလည်း တာချီလိတ်အွန်လိုင်းသို့ ပြောပြလာသည်။

ယခုအကြိမ်ပြုလုပ်ပေးသည့် ဆိုင်ကယ်လိုင်စင်ဆောင်ရွက်မှုသည် နောက်ဆုံးအကြိမ်ဟု သတ်မှတ်ထားသော်လည်း နောက်ထပ် လိုင်စင်ချထားပေးမှုအတွက် အစီအစဉ်ရှိမရှိကိုတော့ မသိရှိရကြောင်းလည်း သိရှိရသည်။

သတင်း။  ။ ကိုဇောင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~