People to People Connectivity Maesai - Tachileik အစီအစဉ်အရ မြန်မာ-ထိုင်း နှစ်နိုင်ငံ ချစ်ကြည်ရေး ကွင်းတိုဘောလုံးပြိုင်ပွဲအား ယနေ့ဇွန်လ (၅)ရက်နေ့တွင် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာ မယ်ဆိုင်မြို့ပိုင် နိုင်းဆုမ်ချိုင်း ရွန့်ဆာခွန်းဦးဆောင်သော ထိုင်းနိုင်ငံ တာဝန်ရှိသူများက မြန်မာကိုယ်စားလှယ်အဖွဲ့အား တာချီလိတ်မြို့မြန်မာ-ထိုင်း
ချစ်ကြည်ရေး တံတား အမှတ်(၁)တွင် ခရီးဦးကြိုဆိုကြကာ မဲခေါင်ဒယ်လ်တာဟိုတယ်တွင်
ဂုဏ်ပြုနေ့လည်စာဖြင့် တည်ခင်းဧည့်ခံသည်။
ထို့နောက် မယ်ဆိုင်မြို့ မိန်းဒဲန်းရပ်ကွက် ဖူဆယ်ဘောလုံးကွင်းတွင် ချစ်ကြည်ရေး
ဘောလုံးပြိုင်ပွဲအား ထိုင်းနိုင်ငံ အမှတ်(၃)စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ယုံးယွတ်လောင်ခိတ်ကာဏ်းမှ ဖွင့်လှစ်ပေးကာ ချစ်ကြည်ရေးဘောလုံးပွဲစဉ် (၂)ခုအား ယှဉ်ပြိုင်ကစားကြရာ ပထမပွဲစဉ်တွင်
မြန်မာလူငယ်အသင်းနှင့် ထိုင်းလူငယ်အသင်းတို့ တစ်ဖက် (၄) ဂိုးစီဖြင့် သရေရရှိကာ ဒုတိယ
ပွဲစဉ်အဖြစ် ထိုင်းတပ်မတော်အသင်း နှင့် မြန်မာလူငယ်အသင်းယှဉ်ပြိုင်ကစားရာတွင် မြန်မာ
လူငယ်အသင်းက (၅) ဂိုး (၁) ဂိုးဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ပြီး မယ်ဆိုင်မြို့ပိုင် နိုင်းဆုမ်ချိုင်း ရွန့်ဆာခွန်း နှင့် တာဝန်ရှိသူများက ဆုဖလားနှင့် ဂုဏ်ပြုလက်ဆောင်များအား ပေးအပ်ကြသည်။
ယင်းနောက် အောင်ပွဲရ မြန်မာအားကစားအဖွဲ့အား မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား
အမှတ်(၁)တွင် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက် ဂုဏ်ပြုခဲ့ကြကြောင်း သတင်းရရှိသည်။