ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ ( CNCMC) တာချီလိတ်၏ အသိပေးကြေညာချက်

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ ( CNCMC) တာချီလိတ်၏ အသိပေးကြေညာချက်
ဇွန် 19, 2014
By Tachileik News Agency

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့်
စေ့စပ်ညှိနှိုင်းရေးကော်မတီ ( CNCMC) တာချီလိတ်
အသိပေးကြေညာချက်
၂၀၁၄ ခုနှစ် ဇွန်လ (၁၉) ရက်

၁။ ထိုင်းနိုင်ငံအတွင်း လတ်တလောဖြစ်ပေါ်နေသောရွှေ့ပြောင်းလုပ်သားများအရေးနှင့်
ပါတ်သက်ပြီး ထိုင်းနိုင်ငံသို့အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေသော မြန်မာနိုင်ငံသားများ
စိုးရိမ်ပူပန်လျှက်ရှိကြောင်းသိရှိရပါသည်။

၂။ မြန်မာနိုင်ငံသားများ၏ လက်ရှိအခြေအနေအား တာဝန်ရှိသူများမှလည်း စဉ်ဆက်မပြတ်
စောင့်ကြည့်လျှက်ရှိပြီး ကောင်းမွန်သော အခြေအနေများအား ဖန်တီးနိုင်ရေးအတွက် ထိုင်းနိုင်ငံ
တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိရာ ၂၀၁၄ခုနှစ် ဇွန်လ (၁၉)ရက်နေ့တွင်
ထိုင်းနိုင်ငံ အမှတ်(၃)စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးယုံယွတ်လောဝ်ခိတ်ကဏ်းနှင့် CNCMC ကော်မတီဝင် ဦးဘိုလေးတို့ တွေ့ဆုံဆွေးနွေးညှိနှိုင်းခဲ့ရာ စစ်ဗျူဟာမှူးမှ အောက်ပါအချက် များအား ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

(က) ထိုင်းနိုင်ငံအတွင်း လတ်တလောဖြစ်ပွားနေသည့် ရွှေ့ပြောင်းအလုပ်သမားများ
အရေးနှင့်ပါတ်သက်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်မဟုတ်ပဲ မိမိတာဝန်ယူ
ထားရာ ထိုင်းနိုင်ငံ(မြောက်ပိုင်း) ဒေသအတွင်းရှိ မြန်မာနိုင်ငံသားများအနေဖြင့်
စိုးရိမ်ပူပန်မှုမရှိကြပါရန်နှင့် ဖမ်းဆီးခြင်း ၊ မြန်မာနိုင်ငံဖက်သို့ ပြန်ပို့ခြင်းများအား
ဆောင်ရွက်သွားမည်မဟုတ်ပါကြောင်း ၊
(ခ) ဗီဇာ နှင့် ၀ပ်ခ်ပါမစ် သက်တမ်းကုန်လွန်နေသူများအားလည်း ဖမ်းဆီးခြင်း ၊
အရေးယူခြင်း မပြုလုပ်ဘဲ ချွင်းချက်ဖြင့်ကင်းလွတ်ခွင့်ပေးသွားမည် ဖြစ်ပါကြောင်း

၃။ သို့ပါသောကြောင့် ထိုင်းနိုင်ငံ (မြောက်ပိုင်း)ဒေသရှိ ချိန်းရိုင်း၊ ချိန်းဆန်၊မယ်ချဲန့် ၊မယ်
ဆိုင် စသည့်မြို့အသီးသီးတွင် နေထိုင်လျှက်ရှိကြသော မြန်မာနိုင်ငံသားများအနေဖြင့် စိုးရိမ်
ပူပန်မှုမရှိကြပါရန်နှင့် မိမိနိုင်ငံ၏ဂုဏ်သိက္ခာအား ထိပါးစေမည့် အပြုအမူများ ၊ ထိုင်းနိုင်ငံ၏
တည်ဆဲဥပဒေများအား ချိုးဖောက်သည့် လုပ်ရပ်များအား ဆောင်ရွက်ခြင်းမပြုကြပဲ စည်းကမ်း
တကျနေထိုင်သွားကြပါရန် အသိပေးကြေငြာအပ်ပါသည်။

၎။ အကယ်၍ ဥပဒေမဲ့ဆောင်ရွက်ခံရပါက အောက်ဖော်ပြပါ တယ်လီဖုန်းနံပါတ်များအား
ဆက်သွယ် အကူအညီတောင်းခံနိုင်ပါသည် ။

ဆက်သွယ်အကူအညီတောင်းခံနိုင်ရန်
ထိုင်းဖုန်း ( တာချီိလိတ် - မယ်ဆိုင် )
0860191524 , 0897558729, 0850181889 , 

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~