ရှမ်းပြည်နယ် အရှေ့ပိုင်း၊ နယ်စပ်ဒေသ တာချီလိတ်မြို့တွင် မရှိနွမ်းပါး ကလေးငယ်များ၊ တိုင်းရင်းသား ကလေးငယ်များ နှင့် မိဘမဲ့ကလေးသူငယ်များကို ခေါ်ယူ၍ အခမဲ့ပညာဒါန သင်ကြားပေးခြင်း၊ အတတ်ပညာများ မျှဝေပေးခြင်း စသည့် ပညာရေးနှင့် ပတ်သက်၍ ဆောင်ရွက်နေသည့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၆)ကျောင်းရှိရာ အဆိုပါ ဘုန်းတော်ကြီးကျောင်းများမှ ကလေးသူငယ်များကို တာချီလိတ်မြို့မှ ဒေသခံ မြို့မိမြို့ဖများဖြင့် ဖွဲ့စည်းထားသည့် ခရိုင်ပညာရေးပံ့ပိုးမှုကော်မတီမှ ဦးဆောင်၍ ကျောင်းဖွင့်ကာလမတိုင်မီ ကျောင်းဝတ်စုံများ၊ စာရေးကိရိယာများ နှင့် ကျောင်းသုံးပစ္စည်းများကို ပေးအပ်လှူဒါန်းနိုင်ရန်အတွက် တာချီလိတ်မြို့ရှိ စေတနာရှင် ပြည်သူများအနေဖြင့် ပါဝင်ကုသိုလ်ယူ လှူဒါန်းလိုပါက ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ယနေ့ ၂၀၁၄ခုနှစ် မေလ(၂၃)ရက် ညနေပိုင်းက ပြုလုပ်သော အစည်းအဝေးတွင် ကော်မတီဝင်များမှ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
တာချီလိတ်မြို့နယ်တွင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ နှင့် ကျောင်းသား၊ကျောင်းသူ ကလေးသူငယ်စာရင်းများ အနေဖြင့် အောင်မင်္ဂလာပရဟိတတောရကျောင်းတွင် (၇၂)ဦး၊ (ပရဟိတ)ရွှေတောင်တန်းကျောင်းတိုက် တွင် (၁၈၅)ဦး၊ ဓမ္မသစ္စာကျောင်းတိုက်(ကချင်ရွာ) တွင် (၂၈)ဦး၊ နောင်ခမ်းအောင်ဆုပန် ပရဟိတဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် (၉၆)ဦး၊ ကျောက်လိုဏ်ဂူ(မိုင်းဟဲ)တွင် (၆၈)ဦး နှင့် ဆမ်ကွမ်းသာသနာပြု ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် (၃၅)ဦး စုစုပေါင်း အဆိုပါ (၆)ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ် (၄၈၄)ဦးရှိကြောင်း သိရသည်။
ကျောင်းဖွင့်ကာလအတွင်း အဆိုပါ ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ် (၄၈၄)ဦးအတွက် လတ်တလောတွင် အောက်ပါအလှူရှင်များမှ ပါဝင်လှူဒါန်းထားပါသည်။
၁။ ခရိုင်ပညာရေးပံ့ပိုးမှုကော်မတီ ကျပ်( ၁၀ ) သိန်း
၂။ မြို့နယ်အထောက်အကူပြုကော်မတီ ကျပ်( ၁ ) သိန်း
၃။ မဇ္ဈိမလူမှုကူညီရေးအသင်း ထိုင်းငွေ ( ၁၀၀၀၀ ) ဘတ်
၎။ အလင်းရောင်ပရဟိတအသင်း ကျပ်( ၃ ) သိန်း
၅။ ရွှေတာချီခရီးသွားလုပ်ငန်း ကျပ် (၂)သိန်း
၆။ ဦးအောင်ဖြိုးရှိန် ( သူရိယ - သင်္ကန်းတိုက် ) ကျပ် (၂)သိန်း
၇။ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး နှင့် ဇနီး ဒေါ်ရွှေမိုးသူဇာ မိသားစု ထိုင်းငွေ(၅၀၀၀)ဘတ်
၈။ ဦးအောင်မျိုးဝင်း + ဒေါ်စိုးဥမ္မာ မိသားစု ထိုင်းငွေ (၅၀၀၀)ဘတ်
၉။ ဦးကြည်မြင့် + ဒေါ်နန်းခမ်း ( တော်ဝင်မြန်မာမိသားစု ) ထိုင်းဘတ် ( ၃၀၀၀ ) ဘတ်
၁၀။ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာ နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ
ကျောင်းဝတ်စုံ ( ၁၅၃) စုံ တန်ဖိုးရှိသည့် ထိုင်းဘတ်ငွေ (၁၅၃၅၀)ဘတ်
ကျောင်းမဖွင့်မီ ကာလအတွင်း အဆိုပါ ကလေးသူငယ်များကို လှူဒါန်းနိုင်ရန်အတွက် ပါဝင်ကုသိုလ်ယူ လှူဒါန်းလိုသော စေတနာရှင်ပြည်သူများအနေဖြင့် ပါဝင်လှူဒါန်းလိုပါက အောက်ပါ ဆက်သွယ်ရန် လိပ်စာ နှင့် ဖုန်းနံပါတ်မှ တဆင့် ဆက်သွယ်၍ လှူဒါန်းနိုင်မှာ ဖြစ်ပြီး ခရိုင်ပညာရေးပံ့ပိုးမှုကော်မတီ မှ အလှူရှင်များကို မေလ နောက်ဆုံး အပတ်ထဲတွင် အောင်မြတ်ခန်းမ၌ ဂုဏ်ပြုမှတ်တမ်းလွှာများအား ပေးအပ်ချီးမြှင့်မည့် အခမ်းအနားကို ကျင်းပပေးမှာ ဖြစ်ကြောင်းလည်း သိရှိရသည်။
ဆက်သွယ်ရန် လိပ်စာ နှင့် ဖုန်းနံပါတ်များ
ဦးအောင်ဖြိုးရှိန်
သူရိယ-သင်္ကန်းတိုက်
အကောက်ခွန်ရုံးဘေး၊ တာချီလိတ်မြို့
မြန်မာဖုန်း။ 094-3136431
ထိုင်းဖုန်း။ 089-7558729
ဒေါ်ရွှေမိုးသူဇာ
ဥက္ကဌ
မြို့နယ် အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း
ထိုင်းဖုန်း ။ ။ 0827614933
မြန်မာဖုန်း။ ။ 09 2044591
ဒေါ်စိုးဥမ္မာ
( ဦးအောင်မျိုးဝင်း - ကွမ်းပစ္စည်းဆိုင် )
ဝမ်ကောင်းရပ်ကွက်၊ တာချီလိတ်မြို့။
ထိုင်းဖုန်း ။ ။ 082-7581300
ဒေါ်ရွှေစင်ခက်
( ဟိုတယ်တာချီလိတ် )
ထိုင်းဖုန်း ။ ။ 087-3622057