ဖြစ်စဉ်မှာ အဆိုပါ ပူးပေါင်းအဖွဲ့တို့သည် ၀ိန်းကျောက်ရပ်ကွက်၊ ၀ိန်းကျောက်ဟိုတယ်လမ်းရှိ နေအိမ်တစ်အိမ်၌ မူးယစ်ဆေးဝါးများအား လက်လီရောင်းချနေကြောင်းကို သတင်းရရှိသည့်အတွက် ၀င်ရောက်ရှာဖွေရာ ဦးသန်းxxx နှင့်အတူ မူးယစ်ဆေးဝါးသုံးစွဲရန် ရောက်ရှိနေကြသူ မောင်ဆန်းxx၊ မောင်စိုးxxx နှင့် မအေးxx တို့အား အသင့်တွေ့ရှိရာ ၎င်းတို့ထံ ဆက်လက်ရှာဖွေသည့်အခါမှာ အိမ်ရှင်ဖြစ်သူ ဦးသန်းxxxထံမှ ဘိန်းဖြူ (၁.၅)ဂရမ်နှင့် Wy စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား (၁၁၃)ပြား၊ မောင်ဆန်းxxxxမှ ဘိန်းဖြူ (၀.၀၄)ဂရမ်ခန့် နှင့် မောင်စိုးxxx ထံတွင် Wy စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား (၆)ပြား အပြင် ဘိန်းဖြူမှုန့် (၀.၁၁)ဂရမ်တို့အား ရှာဖွေတွေ့ရှိရာ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများမှာ စုစုပေါင်း စိတ်ကြွဆေးပြား (၁၁၉)ပြားနှင့် ဘိန်းဖြူ (၁.၆၅)ဂရမ်တို့ ရှိကြောင်း သိရသည်။
ဆက်လက်၍ အိမ်ရှင်ဖြစ်သူ ဦးသန်းxxx အပါအ၀င် စုစုပေါင်း အဆိုပါ (၄)ဦးအား တာချီလိတ်မြို့မရဲစခန်းမှ မယ(ပ)၄၉/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ အရ အရေးယူ ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။