မိုင်းဖြတ်တွင် ကျင်းပသော ဂေါက်သီးရိုက်ပြိုင်ပွဲ၌ တစ်ချက်တည်း ကျင်းဝင်

မိုင်းဖြတ်တွင် ကျင်းပသော ဂေါက်သီးရိုက်ပြိုင်ပွဲ၌ တစ်ချက်တည်း ကျင်းဝင်
မတ် 29, 2014
By Tachileik News Agency
( ဗိုလ်မှူးချုပ် ကိုလေး က စတင် ဖွင့်လှစ်ပေးစဉ် )

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့တွင် တပ်နယ်မှ (၆၉)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်
ဂေါက်သီးရိုက်ပြိုင်ပွဲအား ရှုခင်းသာဂေါက်ကလပ်၌  မတ်လ (၂၇)ရက်၊ မွန်းတည့် (၁၂)နာရီက     စတင်ယှဉ်ပြိုင်ကျင်းပ ပြုလုပ်ရာ မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှူး  ဦးပေါလု သည် အဖွဲ့(၆)၏    ကစားဖော်များဖြစ်သော ရဲမှူး ၀င်းမြင့်ထူး၊ ရဲမှူး မြင့်လွင်၊ မြို့နယ်အကောက်ခွန်ဦးစီးမှူး  ဦးမျိုးသူရ၀င်း ၊  ဦးနိုင်ဝင်းအောင်  တို့နှင့်အတူ  ဂေါသီးရိုက်ကစားကြရာ    ဘောလုံးအမျိုးအစား  Titleist  (No.8)အား     သံတုတ်နံပါတ် white star ( p) ဖြင့်  ၁၅၆ ကိုက် အကွာအဝေးရှိ ကျင်းနံပါတ် (၈)သို့ ရိုက်လိုက်ရာ   တစ်ချက်တည်း  ကျင်းဝင်သွားခဲ့ကြောင်း သိရှိရသည်။

ဓါတ်ပုံ/သတင်း။ ။ ဝေယံလင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~