အဆိုပါ အသင်းနှစ်သင်းမှ ဗိုလ်လုပွဲတွင် ပထမပိုင်း မိနစ်(၄၀)၀န်းကျင်မှာ တစ်ဖက် တစ်ဂိုးစီ ရရှိထားပြီး ဆက်လက်၍ ယှဉ်ပြိုင်ရာ မိနစ်(၉၀)ပြည့်သွားပြီးသော်လည်း တစ်ဖက် တစ်ဂိုးစီဖြင့် သရေကျနေသည့်အတွက် တစ်ဘက်တစ်သင်းစီ (၁၀)မိနစ် စုစုပေါင်း မိနစ်(၂၀)အချိန်ပိုကစား၍ ဆက်လက် ယှဉ်ပြိုင်ခဲ့ကြသည်။
မိနစ်(၂၀)အချိန် ပိုကစားသော်လည်း ဆက်လက်၍ သရေကျနေသည့်အတွက် ဒိုင်လူကြီးမှ ပင်နယ်တီ ကန်ရန်အတွက် သတ်မှတ်ပေးလိုက်ရာ အာခါ FC မှ (၃)ဂိုး၊ တာလေ FC မှ (၁) ဂိုးဖြင့် အာခါ FC အနိုင်ရရှိသွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ ပြိုင်ပွဲတွင် ကလပ်အသင်းများအနေဖြင့် အာခါ FC ၊ ဂျိမ်းဖေါရတနာ FC ၊ The Banner FC ၊ Golden Dragon FC ၊ i-Store FC ၊ TarLay FC ၊ Steel Men FC ၊ ရွှေအောင်မြင် FC နှင့် တောင်ပေါ်သား FC စသည့် ကလပ်အသင်း (၉)သင်း ပါဝင်ရာ ပြိုင်ပွဲ၏ ကာလကို ယနေ့ ဖေဖော်ဝါရီလ(၁၂)ရက်နေ့မှ မတ်လ(၄)ရက်နေ့ထိ သတ်မှတ်ခဲ့ပြီး ယနေ့ ဗိုလ်လုပွဲမှာတော့ အဆိုပါ အသင်းနှစ်သင်းမှ အကြိတ်အနယ် ယှဉ်ပြိုင်သွားခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
ပုံများကိုကြည့်ရန်