AEC အကြိုဂုဏ်ပြုသည့် မြန်မာ - ထိုင်း နှစ်နိုင်ငံ ချစ်ကြည်ရေး လက်ဝှေ့ပွဲ

AEC အကြိုဂုဏ်ပြုသည့် မြန်မာ - ထိုင်း နှစ်နိုင်ငံ ချစ်ကြည်ရေး လက်ဝှေ့ပွဲ
မတ် 16, 2014
By Tachileik News Agency
အာဆီယံလူ့အဖွဲ့အစည်းအား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာ - ထိုင်း နှစ်နိုင်ငံ ချစ်ကြည်ရေးအဖြစ် မြန်မာ - ထိုင်း လက်ဝှေ့ပွဲအား ထိုင်းနိုင်ငံ မယ်ဆိုင်မြို့၌ ၂၀၁၄ခုနှစ် မတ်လ(၁၅)ရက်နေ့က ကျင်းပပြုလုပ်ရာ မြန်မာဘက်မှ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး အမှူးပြုသော မြန်မာကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီး ထိုင်းနိုင်ငံဘက်မှ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယပြည်ထဲရေးဝန်ကြီး မစ္စတာ ၀ိဆုဒ် ဒေ့ချာထိလ၀တ် အမှူးပြုသော အဖွဲ့မှ တက်ရောက် အားပေးခဲ့ကြသည်။
အဆိုပါ လက်ဝှေ့ပွဲတွင် ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်ရင်း မြန်မာ လက်ဝှေ့သမား (၅)ဦးတို့မှ လာရောက် ယှဉ်ပြိုင်ခဲ့ကြပြီး ထိုင်းနိုင်ငံအတွင်းမှ နာမည်ကြီး လက်ဝှေ့ကလပ်များမှလည်း လာရောက်၍ ယှဉ်ပြိုင်ခဲ့ကြသည်။
မြန်မာလက်ဝှေ့သမား (၅)ဦးမှ ပြိုင်ပွဲတွင် ရှုံးနိမ့်ရခြင်းနှင့် ပတ်သက်၍ "ကျွန်တော်တို့က ဟိုမှာ ကားပြင်တဲ့ အလုပ်လုပ်တယ်၊ ဈေးရောင်းတယ်၊ အလုပ်ကြမ်းတွေ လုပ်ရတယ်၊ လက်ဝှေ့အတွက် သီးသန့် လေ့ကျင့်ချိန်ရယ်လို့ မရှိဘူး၊ အခုတောင် ကားစီးလာရတာ (၁၁)နာရီလောက် ကြာတော့ ပင်ပန်းနေတာ၊ ဒီလည်းရောက်ရော တက်ထိုးရရော ဆိုတော့ ရှုံးရတာပေါ့ဗျာ၊ ထိုင်းတွေက သူတို့အတွက် သီးသန့် လေ့ကျင့်ချိန်တွေ အမြဲရှိနေတော့ အားသာမှုလည်း ရှိသွားတာပေါ့ဗျာ..၊ ကျွန်တော်တို့အဖွဲ့ထဲမှာ ပွဲဦးထွက် တက်ထိုးတဲ့ ကောင်လေးတစ်ယောက်ပါသလို ပွဲအတွေ့အကြုံ (၂၇)ပွဲလောက် ရှိတဲ့ လူလည်းပါတယ်"ဟု မြန်မာလက်ဝှေ့သမား မောင်ဦးမှ တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။
( ခရိုင်အုပ်ချုပ်ရေးမှူး နှင့် ထိုင်း ဒု-ပြည်ထဲရေးဝန်ကြီး)

အဆိုပါလက်ဝှေ့ပွဲအား ကြည့်ခွင့်လက်မှတ်ကို တစ်စောင်လျှင် (၅၀၀)ဘတ် နှုန်းဖြင့် သတ်မှတ်ထားရာ လာရောက်ကြည့်ရှု့ကြသူများထဲတွင် ထိုင်းနိုင်ငံသား (၈၀)ရာခိုင်နှုန်းပါဝင်ပြီး မြန်မာနိုင်ငံသား (၂၀)ရာနှုန်းပါဝင်သည်ကို တွေ့ရှိရသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~