အမေရိကန် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အဖွဲ့မှ တာချီလိတ်သို့ လာရောက်လေ့လာ

အမေရိကန် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အဖွဲ့မှ တာချီလိတ်သို့ လာရောက်လေ့လာ
မတ် 6, 2014
By Tachileik News Agency
ရန်ကုန်မြို့ အခြေစိုက် အမေရိကန်ပြည်ထောင်စု၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအုပ်ချုပ်ရေးအဖွဲ့
Drug Enforcement Administration ( DEA ) မှ Mr. John Whalen ဦးဆောင်သည့် အဖွဲ့ဝင် (၅)ဦးအပါအ၀င် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဌာနခွဲမှူး ဒုရဲမှူးကြီးရွှေညာမောင် တို့သည် တာချီလိတ်ခရိုင်အတွင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးကိစ္စများနှင့် ပတ်သက်၍ မတ်လ(၄)ရက်နေ့မှ ယနေ့ မတ်လ(၆)ရက်နေ့ထိ လာရောက်လေ့လာသွားကြောင်း သိရသည်။

အဆိုပါအဖွဲ့သည် မတ်လ(၄)ရက်နေ့က ကျိုင်းတုံမှ တာချီလိတ်သို့ ရောက်ရှိလာပြီး တာချီလိတ်မြို့ မယ်ယန်းပူးပေါင်း စစ်ဆေးရေးစခန်း၊ မိုင်းဖုန်း(က+ခ)အုပ်စု မဲခေါင်မြစ်ကမ်းဘေးရှိ စစ်ဆေးရေးစခန်း၊ ပါဆာကျေးရွာရေဆိပ်၊ ၀မ်ပုံအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း နှင့် မြန်မာ - ထိုင်း - လာအို (၃)နိုင်ငံ နယ်စပ်ရှိ ရွှေတြိဂံဒေသတို့အား လှည့်လည် ကြည့်ရှုလေ့လာခဲ့ကြသည်။

မတ်လ(၅)ရက်နေ့တွင် အဆိုပါအဖွဲ့နှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ တွေ့ဆုံပြီး မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြကာ တာချီလိတ်အနီးတစ်ဝိုက် နယ်စပ်ထွက်ပေါက်များကို လေ့လာခဲ့ကြသည်။

ယနေ့ မတ်လ(၆)ရက် နံနက်ပိုင်းမှာ DEA  မှ Mr. John Whalen ဦးဆောင်သည့် အဖွဲ့ဝင် (၅)ဦးအပါအ၀င် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဌာနခွဲမှူး ဒုရဲမှူးကြီးရွှေညာမောင် နှင့် အဖွဲ့မှ တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာအုပ်စုရှိ ပါခါးကျေးရွာအနီးရှိ မြန်မာ - ထိုင်း နယ်စပ် ( Border Line )နေရာသို့ သွားရောက်လေ့လာခဲ့ကြပြီး အဆိုပါအဖွဲ့သည် ယနေ့မွန်းလွှဲပိုင်းမှာ တာချီလိတ်မှ ရန်ကုန်သို့ ပြန်လည် ထွက်ခွာသွားကြောင်း သိရှိရသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~