တာချီလိတ်-ကျိုင်းတုံသွား လမ်းဆုံနှင့် လေယာဉ်ကွင်းသွား လမ်းဘေးတွင် ဧက(၆.၇၈) ကျယ်ဝန်းသည့် မြေနေရာကို လူနေအိမ်ရာများအဖြစ် ခြံ-မြေ (၉၈)ကွက်ရိုက်၍ တည်နေရာအလိုက် ဈေးနှုန်းများ သတ်မှတ်ကာ ဦးစားပေးရောင်းချနေလျှက်ရှိရာမှ ၂၀၁၃ခုနှစ် နိုဝင်ဘာလ(၂၀)ရက်နေ့က တာချီလိတ်အွန်လိုင်းတွင် ကြော်ငြာခဲ့ပြီးနောက် (၃)လကျော်အတွင်း မြေကွက် (၉၈)ကွက်အနက် (၄၉)ကွက် ရောင်းချနိုင်ခဲ့ပြီး (၄၉)ကွက်မှာ ရောင်းချရန် ကျန်ရှိသေးသည့်အတွက် ပထမနည်းတူ မြေကွက်များကို ဦးစားပေးစနစ်ဖြင့် ရောင်းချပေးနေလျှက်ရှိကြောင်း သိရသည်။
အဆိုပါ အိမ်ရာအတွင်းရှိ လမ်းသွယ်များအားလုံးကို ကတ္တရာဖြင့် ခင်းကျင်းပေးထားမှာဖြစ်ပြီး၊ လမ်းသွယ်၏ ဘေးတစ်ဘက်တစ်ချက်တွင် ရေနှုတ်မြောင်းများ ဖောက်လုပ်ပေးထားမှာဖြစ်ကြောင်းနှင့် သတ်မှတ်နေရာများအလိုက်မှာလည်း မီးတိုင်များကို စိုက်ထူပေးထားမည့်အပြင် လျှပ်စစ်မီးနှင့် ပတ်သက်၍ ထရန်စဖော်မာတစ်လုံး သီးသန့် တပ်ဆင်ပေးထားမှာ ဖြစ်ကြောင်းသိရပါသည်။
တာချီလိတ်မြို့ပေါ်တွင် ယခင်က (၆)ရပ်ကွက်သာရှိရာမှ ယခုအခါမှာ မြို့ပေါ်(၁၁)ရပ်ကွက် ရှိလာတော့မည်ဖြစ်ပြီး ဟောင်လိတ်ကျေးရွာအုပ်စုတွင် ရပ်ကွက် (၄)ရပ်ကွက်တိုးလာရန် အတည်ပြုပြီးသွားပြီ ဖြစ်သည့်အတွက် တာချီလိတ်-ကျိုင်းတုံသွား လမ်းဆုံအနီးတစ်ဝိုက်တွင် နောင်တစ်ချိန်မှာ ပိုမို စည်းကားလာမှာဖြစ်ပြီး လက်ရှိတွင်လည်း အနီးအနားမှာ တည်းခိုခန်းများနှင့် ဆီပန့်များလည်း ရှိနေသည်ဖြစ်ရာ စည်ကားလာမည့်နေရာတစ်ခုဖြစ်ပါသည်။
မြေကွက်များကို ရောင်းချပေးရာမှာ ဦးစားပေးစနစ်ဖြင့် ရောင်းချပေးနေပြီး ဈေးနှုန်းများကိုတော့ ဆက်သွယ်မေးမြန်းနိုင်မှာဖြစ်ပါသည်။ ခြံ-မြေ၀ယ်ယူသူများအနေဖြင့် အမည်ပေါက် ပုံစံ(၁၀၅) ရရှိမှာဖြစ်ကြောင်း သိရပါသည်။
ခြံမြေကိစ္စနှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းလိုပါက အောက်ပါ ဖုန်းနံပါတ်များမှ တဆင့် ဖုန်းဆက်မေးမြန်းနိုင်မှာဖြစ်ပါသည်။
ဆက်သွယ်ရန်
- Myanmar Phone: 09-36122173, 09-49030543
- Thai Phone: 0850350011, 0835720889