ပြိုင်ပွဲများတွင် များသောအားဖြင့် ထက်/လယ်/မှု ကျောင်းသား၊ ကျောင်းသူများ ပါဝင် ယှဉ်ပြိုင်ကြတာကို တွေ့ရှိရပြီး လူကြီး၊ လူလတ်၊ လူငယ်မရွေး သက်ဆိုင်ရာအလိုက် ပြိုင်ပွဲများမှာ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြတာကို တွေ့ရသည်။ ယခုအကြိမ်ပြုလုပ်သော အားကစားနည်းများတွင် သက်ဆိုင်ရာ အားကစားနည်းများ အလိုက် စီးပွားရေးလုပ်ငန်းရှင်များမှ ပံ့ပိုးကူညီပူးပေါင်း၍ ပြုလုပ်သော အားကစားပွဲများလည်း ပါဝင်ကြောင်း သိရသည်။
"အခုလို ကလေးတွေကို နိုင်ငံတော်ရဲ့ အထိမ်းအမှတ်နေ့တွေမှာ အားကစားပွဲတွေ ပြုလုပ်ပေးတော့ သူတို့တွေ အနေနဲ့ တက်ကြွမှုလည်းရှိစေသလို အထိမ်းအမှတ်နေ့တွေကိုလည်း မမေ့စေအောင်လည်း ပြုလုပ်ပေးရာ ရောက်တာပေါ့၊ အဲ့ဒီအတွက် အခုလို နောက်များမှာလည်း အထိမ်းအမှတ်နေ့တွေမှာ ကလေးတွေအတွက် အားကစားပြိုင်ပွဲတွေ ပြုလုပ်ပေးနိုင်ကြပါစေ"ဟု ပါလျှံရပ်ကွက်မှ အဘိုးတစ်ဦးက ပြောသည်။
ပြိုင်ပွဲတွင် ရရှိသူများအား ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး အပါအ၀င် သက်ဆိုင်ရာ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီးနောက် ပြိုင်ပွဲများအား မွန်းလွှဲပိုင်းမှာ ပြီးမြောက်စေခဲ့ကြောင်း သိရှိရသည်။
ပုံများကိုကြည့်ရန်
Tachileik Online News