၂၀၁၄ခုနှစ် ဇန်န၀ါရီလအတွက် တန်ဘိုးနည်းဖုန်းများ ချထားရာတွင် တာချီလိတ်အတွက် (၇၀၀)ရရှိပြီး ယခင်မဲ မပေါက်သေးသော စာရင်းများ အပါအ၀င် စုစုပေါင်းလျှောက်ထားသူ (၉၇၃၈)ဦးရှိပြီး ၂၈.၁.၂၀၁၄ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က အောင်မြတ်ခန်းမတွင် မဲနှိုက်ပေးခဲ့ကြတာဖြစ်ပါသည်။
ဖုန်းကဒ်များကို တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် သတ်မှတ်ရက်အတွင်း သွားရောက်ထုတ်ယူနိုင်မှာဖြစ်ပြီး ဖုန်းကဒ်များကို ထုတ်ယူပြီးပါက ဖုန်းသက်တမ်း မကျော်လွန်စေရန်အတွက် ငွေဖြည့်ကတ်ဖြည့်ထားရန် လိုအပ်ပါသည်။
မှတ်ချက်။ ။ တာချီလိတ်အွန်လိုင်း မိသားစု၏ နာရေးကိစ္စဖြစ်ပေါ်လာ၍ ပေါက်မဲစာရင်းသတင်းအား ဖော်ပြမှု နောက်ကျခဲ့ပါသည်။