ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသတွင် ပထမဦးဆုံးကျင်းပပြုလုပ်သည့် ရှမ်း/ရှေ့ဒေသ အဆင့်မြင့် ကလပ်အသင်းများပါဝင်မည့် ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဖလား ကလပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲကို ၂၀၁၄ခုနှစ် ဖေဖော်ဝါရီလ (၁၂)ရက် ပြည်ထောင်စုနေ့တွင် တာချီလိတ်မြို့၊ မြို့မအားကစားကွင်း၌ (၆၇)နှစ်မြောက် ပြည်ထောင်စုနေ့အား ဂုဏ်ပြုသောအားဖြင့် ဖွင့်ပွဲအခမ်းအနားဖြင့် စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲတွင် ကျိုင်းတုံကိုယ်စားပြု ကလပ်များဖြစ်သည့် ဂျိန်းဖော့ရတနာကလပ် နှင့် တောင်ပေါ်သားကလပ်၊ မိုင်းဖြတ်ခရိုင် ကိုယ်စားပြုကလပ်၊ တာလေမြို့နယ်ခွဲ ကိုယ်စားပြုကလပ်ဖြစ်သည့် Tar Lay FC နှင့် အတူ တာချီလိတ်ခရိုင်လက်ရွေးစင်များဖြင့် ဖွဲ့စည်းထားသည့် ကလပ်အသင်း (၆)သင်းအပြင် မြန်မာနိုင်ငံအတွင်းမှ ကြေးစားကစားသမားများပါ ခေါ်ယူအားဖြည့် ဖွဲ့စည်းထားသည့် ကလပ်အသင်းများလည်း ပါဝင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်းနှင့် ပြိုင်ပွဲအား ၁၂.၂.၂၀၁၄ မှ ၈.၃.၂၀၁၄ ထိ တာချီလိတ်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: [email protected]