မာရသွန်ပြိုင်ပွဲကို ၁.၁.၂၀၁၄ရက်နေ့မှာ ကျင်းပပြုလုပ်ရန် စီစဉ်ထားကြသော်လည်း အဆိုပါနေ့ မတိုင်မီ ဒီဇင်ဘာလ (၃၁)ရက်မှ (၁)ရက်နေ့ အကူး နှစ်သစ်ကူးကို ကြိုဆိုကြမည့်သူ များပြားသည့် အတွက် ပြိုင်ပွဲဝင်များ အနေဖြင့်လည်း ကြိုဆိုပါက ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မှုအား ထိခိုက်နိုင်မည် ဖြစ်သည့်အတွက် သတ်မှတ်ရက်အား ရွှေ့လိုက်ပြီး ဇန်န၀ါရီလ (၂)ရက်နေ့မှာ ဆက်လက်ကျင်းပပြုလုပ်မှာ ဖြစ်ကြောင်းသိရသည်။
"နှစ်သစ်ကူးကြိုမဲ့ လူတွေက ည ၁နာရီ ကနေ ၃ နာရီထိ ရှိကြတာဆိုတော့ မာရသွန်မှာ ၀င်ပြိုင်မဲ့ အားကစားသမားတွေလည်း နှစ်သစ်ကိုကြိုမယ်ဆိုရင်သူတို့တွေ အိပ်ရေးပျက်ပြီး မပြေးနိုင်မှာလည်း စိုးရိမ်ရတယ်လေ၊ နောက်ပြီး ကရင်နှစ်သစ်ကူးလည်းရှိတယ်ဆိုတော့ ဇန်န၀ါရီလ (၂)ရက်နေ့ကိုပဲ အားလုံးသဘောတူညီစွာနဲ့ သတ်မှတ်လိုက်တာပါ"ဟု ပြိုင်ပွဲကျင်းပရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက တာချီလိတ်အွန်လိုင်းသို့ အများသိသာရန်အတွက် ရှင်းပြလာသည်။