ပြိုင်ပွဲ၌ ရပ်ကွက်/ကျေးရွာ အမျိုးသား ပိုက်ကျော်ခြင်းဗိုလ်လုပွဲကို နံနက်ပိုင်းက ကျင်းပခဲ့တာဖြစ်ပြီး ကလပ်ပေါင်းစုံ အမျိုးသား ဘတ်စကတ်ဘောပြိုင်ပွဲအား ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့သည်ဖြစ်ရာ ပိုက်ကျော်ခြင်းဗိုလ်လုပွဲ၌ မယ်ဆိုင်မြန်မာအသင်း နှင့် နေရာ(၂)အသင်း တို့ ယှဉ်ပြိုင်ကြရာ နေရာ(၂)အသင်းမှ ပထမဆု ရရှိသွားခဲ့သည်။ ဆက်လက်၍ ညနေပိုင်းမှာ ယှဉ်ပြိုင်သော ဘတ်စကတ်ဘောပြိုင်ပွဲ၌ တဟွာလူငယ်အသင်း နှင့် ရှုန်ဖုံးအသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကြရာ တဟွာလူငယ် အသင်းမှ ပထမဆုအား ဆွတ်ခူးသွားခဲ့သည်။
ဆုပေးပွဲတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး အပါအ၀င် ခရိုင်/မြို့နယ်အဆင့်ရှိ ဌာနဆိုင်ရာများ တက်ရောက်လာခဲ့ကြပြီး ပြိုင်ပွဲမှ ဆုရရှိသည့် ရပ်ကွက်/ကျေးရွာ အမျိုးသား ပိုက်ကျော်ခြင်းအသင်းများဖြစ်သည့် ပထမဆု ရရှိသူ နေရာ(၂)အသင်း၊ ဒုတိယဆုရရှိသူ မယ်ဆိုင်မြန်မာအသင်း နှင့် တတိယဆုရရှိသည့် တာလော့(က)အသင်းတို့အား တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဝင်းထွန်း၊ မြို့နယ်အကောက်ခွန် ဦးစီးမှူး ဦးကျော်နိုင် နှင့် ခရိုင်ဆရာဝန်ကြီး ဒေါက်တာမျိုးမင်း တို့က ဆုတံဆိပ်နှင့် ငွေသားဆုများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ ကလပ်ပေါင်းစုံ အမျိုးသား ဘတ်စကတ်ဘောပြိုင်ပွဲ၌ ပထမဆု ရရှိသည့် တာဟွာလူငယ်အသင်း နှင့် ဒုတိယဆုရရှိသည့် ရှုန်ဖုံးအသင်းတို့အား တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး နှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးစိုင်းကျော်ဇံတို့မှ ဆုတံဆိပ်နှင့် ငွေသားဆုများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ပုံများကိုကြည့်ရန်