တာချီလိတ်မြို့နယ် မိုးလုံလေလုံအားကစားရုံတွင် ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ (ဖလား) ရပ်ကွက်၊ ကျေးရွာ အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲအား အောက်တိုဘာလ ၁၂ရက်၊ နံနက် ၉နာရီအချိန်က စတင် ကျင်းပလာခဲ့ရာ အောက်တိုဘာလ ၂၀ရက်နေ့ မွန်းလွဲပိုင်းတွင် ဗိုလ်လုပွဲအဖြစ် အမျိုးသမီးအဖွဲ့အသင်းအနေဖြင့် ဆန်ဆိုင်း(က+ခ)အသင်း နှင့် မယ်ခေါင်+ဟောင်လိတ်အသင်းတို့ ယှဉ်ပြိုင်ဗိုလ်လုကြရာ မယ်ခေါင်+ဟောင်လိတ်အသင်းမှ ပထမဆု ရရှိသွားခဲ့ပြီး အမျိုးသားအဖွဲ့အသင်း အနေဖြင့် မိုင်းဖုန်း(က+ခ)အသင်း နှင့် လွယ်တော်ခမ်းအသင်းတို့ ယှဉ်ပြိုင်ဗိုလ်လုရာ လွယ်တော်ခမ်းအသင်းမှ ပထမဆု ရရှိသွားခဲ့သည်။
ဆုပေးပွဲအခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များက အမျိုးသား/အမျိုးသမီး ဘော်လီဘောအသင်းများမှ ပထမ/ဒုတိယ ဆုရရှိသွားကြသူများကို ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ဗိုလ်လုပွဲတွင် ခရိုင်/မြိုနယ်အဆင့်ရှိ ဌာနဆိုင်ရာများနှင့်၊ကျေးရွာအုပ်ချုပ်ရေးမှူးများ
နှင့် နှစ်ဖက်အသင်းမှ ပရိသတ်များ လာရောက်၍ အားပေးခဲ့ကြသည်။
အဆိုပါပြိုင်ပွဲတွင် လွယ်တော်ခမ်း၊ ပုန်းထွန်၊ တာလော့၊ ၀မ်ကောင်း၊ မကာဟိုခမ်း၊ ဆန်ဆိုင်း( က + ခ )၊ မယ်ခေါင်၊ ဟောင်လိတ်၊ ဖန်မင်၊ မိုင်းကိုး နှင့် မိုင်းဖုန်း ( က + ခ ) စသည့် ၁၁ ရပ်ကွက်/ကျေးရွာ တို့မှ အမျိုးသား ၁၁ သင်း နှင့် အမျိုးသမီး ၆ သင်း တို့မှ ပါဝင်ယှဉ်ပြိုင်ကြတာဖြစ်ကြောင်း သိရှိရသည်။
ပုံများကိုကြည့်ရန်
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/
Email: [email protected]
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~