မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ၄၉ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနား တာချီလိတ်၌ ပြုလုပ်

မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ၄၉ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနား တာချီလိတ်၌ ပြုလုပ်
အောက်တိုဘာ 1, 2013
By Tachileik News Agency

မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ၄၉ နှစ်မြောက် နှစ်ပတ်လည်နေ့အဖြစ် တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့ရုံးတွင် အောက်တိုဘာလ ၁ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ အခမ်းအနားတွင် မှုခင်းများကို စွမ်းစွမ်းတမံ ဖော်ထုတ်ခဲ့သည့် တပ်ဖွဲ့များအား အမှုထမ်းကောင်း လက်မှတ် ပေးအပ်ခြင်း၊ ပေးအပ်သည့် တာဝန်ဝတ္တရားများကို ကျေပွန်စွာ ဆောင်ရွက်ခဲ့သည့် တပ်ဖွဲ့ဝင်များအား အမှုထမ်းကောင်း လက်မှတ်ပေးအပ်ခြင်း နှင့် ရဲတပ်ဖွဲ့လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပါဝင်ကူညီဆောင်ရွက်ပေးသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ နှင့် ဒေသခံပြည်သူ့စစ်တပ်ဖွဲ့ဝင်များ အပါအ၀င် အရပ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။

အခမ်းအနားတွင် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး နေမျိုးထွဋ်မှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲချုပ် ဇော်ဝင်း ပေးပို့သည့် သ၀ဏ်လွှာအား ဖတ်ကြားပြီး ထူးချွန် တပ်ဖွဲ့ဝင်များအား အမှုထမ်းကောင်းလက်မှတ်များ ဆက်လက်ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အမှုထမ်းကောင်းလက်မှတ်များအား ပေးအပ်ချီးမြှင့်ရာတွင် မှုခင်းများကို စွမ်းစွမ်းတမံ ဖော်ထုတ်ခဲ့သော တပ်ဖွဲ့ဝင်များမှ အမှုထမ်းကောင်း လက်မှတ်ရရှိသူ ရဲအုပ် စန်းယုနိုင် အပါအ၀င် ၅ ဦး၊ လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့် တာချီလိတ်ခရိုင်ရုံးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှ အမှုထမ်းကောင်း လက်မှတ် ချီးမြှင့်ခံရသူ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲအုပ်ဝေလင်းထက် နှင့် ကျိုင်းလပ်မြို့နယ်မြေရဲစခန်းမှ ဒုရဲအုပ်အောင်သူစိုး အပါအ၀င် ၃၀ ဦး၊ လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့်  လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ အမှုထမ်းကောင်းလက်မှတ် ချီးမြှင့်ခံရသူ ဒုရဲမှူး ရင်ရင်အေး အပါအ၀င် ၆ ဦး၊ လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ အမှုထမ်းကောင်းလက်မှတ် ချီးမြှင့်ခံရသူ ရဲအုပ် စံသိန်း အပါအ၀င် ၁၀ ဦး၊ လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ အမှုထမ်းကောင်းလက်မှတ် ချီးမြှင့်ခံရသူ ရဲအုပ် ဇော်ဝင်းထွန်း အပါအ၀င် ၄ ဦး နှင့် ရဲတပ်ဖွဲ့လုပ်ငန်းများ ဆောင်ရွက်ရာတွင် အဘက်ဘက်မှ ပါဝင်ကူညီဆောင်ရွက်ပေးသည့် မိတ်ဖက်အဖွဲ့အစည်းများမှ ပုဂ္ဂိုလ် ၅ ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် ခရိုင်ရဲတပ်ဖွဲ့မှူး၏ ဇနီး ဒေါ်ချောအိအိငြိမ်းမှ တပ်တွင်းနေအိမ်လိုင်းခန်းများ အတွင်း/အပြင် သန့်ရှင်းသာယာလှပရေး ဆု ရရှိသည့် တပ်ဖွဲ့ဝင်မိသားစုများအား ဂုဏ်ပြုလွှာနှင့်ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရှိရသည်။

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: [email protected]
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬