လွယ်တော်ခမ်း ပူးပေါင်းစစ်ဆေးရေး စခန်း၌ ကျပ်သိန်း ၈၀၀၀ ခန့် တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

လွယ်တော်ခမ်း ပူးပေါင်းစစ်ဆေးရေး စခန်း၌ ကျပ်သိန်း ၈၀၀၀ ခန့် တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
အောက်တိုဘာ 20, 2013
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်း ပူးပေါင်းစစ်ဆေးရေး စခန်းတွင် တာချီလိတ်မှ မိုင်းဆတ်ဘက်သို့သွားသည့် ကားတစ်စီးပေါ်မှ ကျပ်သိန်းပေါင်း ၈၀၀၀ ခန့် တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများအား မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ ဦးဆောင်သော ပူးပေါင်းအဖွဲ့တို့သည် ၁၉.၁၀.၂၀၁၃၊ နံနက် ၁၀နာရီအချိန်က တရားခံနှင့်အတူ ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ ဦးဆောင်သော ပူးပေါင်းအဖွဲ့တို့သည် လွယ်တော်ခမ်းပူးပေါင်း စစ်ဆေးရေးစခန်း၌ ယာဉ်သွားယာဉ်လမ်းများအား စစ်ဆေးနေချိန်တွင် တာချီလိတ်မှ မိုင်းဆတ်ဘက်သို့ ယာဉ်မောင်း လီကွမ်းxxxx မောင်းနှင်လာသည့် ကားအား အဆိုပါအဖွဲ့မှ ရပ်တန့် စစ်ဆေး ရှာဖွေရာ ယာဉ်နောက်ခန်းတွင် စားသောက်ကုန်များဖြင့် ရော၍ တင်ဆောင်လာသော ဝေဖာမုန့်စက္ကူဂျပ်ဖာအတွင်း ဆာလအိတ်ဖြင့် ထည့်လျှက်  ၁ ထုပ်လျှင် အိုက်စ်(ရေခဲ)အလေးချိန် ၁ကီလိုခန့်ပါသည့် အထုပ် ၄၀၊ စုစုပေါင်း အိုက်စ်အလေးချိန် ကီလို ၄၀ ရှိပြီး ကာလတန်ဖိုးဖြင့်တွက်သော် ကျပ်သိန်းပေါင်း ၈၀၀၀ ခန့် ရှိကြောင်း သိရသည်။

ဆက်လက်၍ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် တရားခံ လီကွမ်းxxx အား သက်ဆိုင်ရာ တာချီလိတ်မြို့မရဲစခန်းမှ မယ(ပ)၁၃၂/၂၀၁၃၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၀(က)အရ အမှုဖွင့် အရေးယူထားရှိကြောင်း သတင်းရရှိသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: [email protected]
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
OISHI Green Tea
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~