တာချီလိတ်မြို့တွင် ကျင်းပပြုလုပ်သော ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ (ဖလား) ရပ်ကွက်/ကျေးရွာ အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲအား ဖွင့်ပွဲအခမ်းအနားအဖြစ် အောက်တိုဘာလ ၁၂ရက်၊ နံနက် ၉နာရီအချိန်က ပြုလုပ်ရာ ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး အပါအ၀င် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးမှ အဖွင့်အမှာစကား ပြောကြားပြီး၊ အားကစားသမားများမှ သစ္စာအဓိဋ္ဌာန်ရွတ်ဆိုကြပြီးနောက် အခမ်းအနားအား ပြီးမြောက်စေကာ ပြိုင်ပွဲဝင် အသင်း နှစ်သင်းမှ ယှဉ်ပြိုင်ခဲ့ကြသည်။
ယခုနှစ်တွင် ကျင်းပပြုလုပ်သော ရပ်ကွက်/ကျေးရွာ အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲတွင် လွယ်တော်ခမ်း၊ ပုန်းထွန်၊ တာလော့၊ ၀မ်ကောင်း၊ မကာဟိုခမ်း၊ ဆန်ဆိုင်း( က + ခ )၊ မယ်ခေါင်၊ ဟောင်လိတ်၊ ဖန်မင်၊ မိုင်းကိုး နှင့် မိုင်းဖုန်း ( က + ခ ) စသည့် ၁၁ ရပ်ကွက်/ကျေးရွာ တို့မှ အမျိုးသား ၁၁ သင်း နှင့် အမျိုးသမီး ၆ သင်း တို့မှ ပါဝင်ယှဉ်ပြိုင်ကြတာဖြစ်ပြီး စုစုပေါင်း ပြိုင်ပွဲဝင် ဦးရေ အားကစားသမားများမှာ ၁၇၀ ဦးရှိကြောင်း သိရသည်။
ပြိုင်ပွဲအား ၁၂.၁၀.၂၀၁၃ မှ ၂၀.၁၀.၂၀၁၃ထိ သတ်မှတ်ထားပြီး တာချီလိတ်ခရိုင် မိုးလုံလေလုံ အားကစားရုံတွင် ယှဉ်ပြိုင်ကစားမှာဖြစ်ရာ ပြိုင်ပွဲအား သတ်မှတ်ကာလ၏ နေ့စဉ် နံနက် ၉နာရီအချိန်တွင် စတင်မှာ ဖြစ်ကြောင်း သိရှိရသည်။
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/
Email: [email protected]
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬