ဓမ္မစကူးလ်ကျောင်းတော်(တာချီလိတ်)မှ ဆဋ္ဌမအကြိမ်မြောက်ဓမ္မစကူးလ် စာရိတ္တပညာ စာသင်ကြားမှုအဖြစ် အောက်တိုဘာလ ၆ ရက် နံနက် ၈နာရီမှ စ၍ နေ့လည် ၁၁ နာရီအချိန်ထိ အ.ထ.က(တာချီလိတ်)တွင် ကျောင်းသား/သူ ၁၂၀ကျော်တို့အား သံဃာတော်များ၊ သင်ကြားရေးဆရာမ နှင့် ဆရာကူများဖြင့် သင်ကြားပို့ချခဲ့ကြကြောင်း သိရသည်။
အဆိုပါသင်ကြားမှုတွင် ကလေးသူငယ်များအား သင်ကြားပို့ချပေးသော ဆရာတော်အရှင်သူမြတ်များအား နေ့ဆွမ်းအဖြစ် ဦးကျော်ရှဲန်+ဒေါ်ထားယုခိုင်(ပုလဲတည်းခိုခန်း) မိသားစုမှ ဆက်ကပ်လှူဒါန်းပြီး ကလေးသူငယ်များ၏ အဟာရအတွက် ဦးဇော်မြင့် + ဒေါ်မာမာဝင်း ( "ဖြိုး"ကုန်စုံဆိုင် ) မှ သား မောင်အောင်ဇော်ဖြိုး မွေးနေ့အလှူအဖြစ် လာရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
တာချီလိတ်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၌ ဓမ္မစကူးလ်ကျောင်းများ ဖွင့်လှစ်နိုင်ရန် နှင့် ဆရာ/ဆရာမများ ပေါ်ထွန်းလာနိုင်စေရန် အတွက် ၁၃.၁၀.၂၀၁၃ မှ ၁၈.၁၀.၂၀၁၃နေ့အထိ "ဆင့်ပွားဓမ္မစကူးလ်ဆရာဖြစ်သင်တန်း"အား သင်တန်းချိန် ကာလ ၆ရက်ဖြင့် ဓမ္မစကူးလ်ဖောင်ဒေးရှင်း (ဗဟို)မှ ဆရာ/ဆရာမ ၂ဦးနှင့် ဆရာတော် ၁ပါး ကြွရောက် သင်ကြားပေးမှာ ဖြစ်ရာ အဆိုပါ သင်ကြားမှုတွင်၊ ရန်အောင်မြေပါလျှံဘုရားကြီးကျောင်း၊ သာသနဝေပုလ္လအလိုတော်ပြည့်ကျောင်း၊ ဝေဠုဝန် မိုးကုတ်ဝိပဿနာ ကမ္မဌာန်းကျောင်း၊ နောင်ခမ်းအောင်ဆုပန်လူငယ် ဖွံ့ဖြိုးရေး ပရဟိတကျောင်း၊ မစိုးရိမ်ကျောင်း(မယ်ယန်း)၊ လေယာဉ်ကွင်းကျောင်း၊ ရွှေတောင်တန်း ဘုန်းတော်ကြီးသင် ပရဟိတကျောင်း၊ အောင်မင်္ဂလာလူငယ်ဖွံ့ဖြိုးရေး ပရဟိတကျောင်း၊ သီရိမင်္ဂလာ ဆန်ဆိုင်းကျောင်း နှင့် ရွှေပြည်သာကျောင်းတို့မှ သံဃာတော်များ၊ ဆရာ/မ နှင့် လေ့လာသူ ၁၀၀ နီးပါးခန့် တက်ရောက်ကြမှာ ဖြစ်ကြောင်း သိရသည်။
အဆိုပါကိစ္စရပ်များနှင့် ပတ်သက်၍ ဓမ္မစကူးလ်ကျောင်းတော်(တာချီလိတ်)သို့ ကူညီပံ့ပိုးလှူဒါန်းလိုသူ စေတနာရှင် အလှူရှင်များ အနေဖြင့် အောက်ပါ ဆက်သွယ်ရန် ဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်း မေးမြန်း၍ လှူဒါန်းနိုင်မှာဖြစ်ကြောင်း သိရှိရသည်။
ဓမ္မစကူးလ်ကျောင်းတော်(တာချီလိတ်)သို့ ဆက်သွယ်လှူဒါန်းလိုလျှင် -
ဦးကျော်သီဟ - ဥက္ကဌ
မြန်မာဖုန်း ။ ။ 09-5240191, 084-51915
ထိုင်းဖုန်း။ ။ 0900524606
ပြည့်စုံပုံနှိပ်တိုက်၊ တာချီလိတ်မြို့။
ဦးဇော်မြင့် - ဒုတိယ ဥက္ကဌ
မြန်မာဖုန်း။ ။ 09-5240377
ထိုင်းဖုန်း။ ။ 081-7645527
"ဖြိုး"ကုန်မျိုးစုံဆိုင်၊ တာချီလိတ်မြို့။
ဦးနေဦး
မြန်မာဖုန်း။ ။ 09-250250735
ထိုင်းဖုန်း။ ။ 086-9187739
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/
Email: [email protected]
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬