တာချီလိတ်မြို့တွင် မြန်မာနိုင်ငံသား လုပ်ငန်းရှင်များ နှင့် ထိုင်းနိုင်ငံသား ဆောက်လုပ်ရေးပညာရှင်တို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်သည့် THAI ASSET CONSTRUCTION COMPANY LIMITED ( TAC ) အား ဖွင့်ပွဲအဖြစ် စက်တင်ဘာလ ၉ ရက် နံနက် ၉နာရီ မိနစ် ၃၀ အချိန်ခန့်က ပြုလုပ်ကျင်းပရာ တာချီလိတ်စစ်ဗျူဟာအဖွဲ့(အခြေချ) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သောင်းထိုက်ရွှေ၊ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး နှင့် ဌာနဆိုင်ရာများ အပါအ၀င် ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ထိုင်းနိုင်ငံဘက်မှ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် အဆိုပါ ဆောက်လုပ်ရေးကုမ္ပဏီမှ အလုပ်အမှုဆောင် အဖွဲ့ဝင်များအဖြစ် တစ်ဦးချင်းစီ မိတ်ဆက်ပြီးနောက် ကုမ္ပဏီ၏ မန်းနေဂျင်း ဒါရိုက်တာ Mr.Ratchaphum က ကုမ္ပဏီနှင့် ပတ်သက်၍ မိတ်ဆက်စကားပြောကြားသည်။
ယင်းနောက် ထိုင်းအက်စက် ကွန်စရပ်ရှင်းကုမ္ပဏီလီမီတက်အား တာချီလိတ်စစ်ဗျူဟာအဖွဲ့(အခြေချ) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သောင်းထိုက်ရွှေ၊ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး နှင့် မန်းနေဂျင်း ဒါရိုက်တာ Mr.Ratchaphum တို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီးနောက် ၎င်းတို့ ကုမ္ပဏီမှ ၁၃နှစ် ကာလအတွင်း ဆောက်လုပ်ပြီးစီးခဲ့သော အဆောက်အဦများ၊ စက်ရုံ၊ အလုပ်ရုံများ နှင့် လမ်းတံတားများ၏ မှတ်တမ်းဓါတ်ပုံနှင့် ဗီဒီယိုအား ပြသ၍ Mr.Ratchaphum က ရှင်းလင်း တင်ပြခဲ့သည်။
THAI ASSET CONSTRUCTION COMPANY LIMITED သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ CMS Tech Group ၏ ကုမ္ပဏီအခွဲဖြစ်ပြီး CMS Tech Groupအား ၂၀၀၀ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး ယနေ့အချိန်ထိ ၁၃နှစ်တာ ကာလအတွင်း အဆောက်အဦများ၊ စက်ရုံ၊ အလုပ်ရုံများ၊ အဆင့်မြင့်အိမ်ယာများ၊ ကွန်ဒိုမီနီယမ်၊ Community mall နှင့် လမ်းတံတားများအား တည်ဆောက်ခဲ့ပြီးသော ကုမ္ပဏီတစ်ခုဖြစ်သလို အောင်မြင်မှုပေါင်းများစွာ ရရှိထားပြီး လက်ရှိတွင်လည်း ထိုင်းနိုင်ငံအတွင်းသာမကပဲ မြန်မာနိုင်ငံအတွင်းပါ မည်သည့် အဆောက်အဦမျိုးကိုမဆို ခေတ်မှီ သိပ္ပံနည်းစနစ်များဖြင့် တည်ဆောက်ပေးနေသည်ဖြစ်ကြောင်း သိရသည်။
ယခုလို မြန်မာနိုင်ငံ တာချီလိတ်မြို့၌ အဆိုပါ ကုမ္ပဏီအား လာရောက်ဖွင့်လှစ်ရခြင်း နှင့်ပတ်သက်၍ 2015 Asian အမှီ မြန်မာနိုင်ငံတွင် အဆင့်မြင့် အဆောက်အဦများနှင့် နိုင်ငံတကာ ဧည့်သည်များအား ကြိုဆိုနိုင်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံသား လုပ်ငန်းရှင်များနှင့် ထိုင်းနိုင်ငံသား ပညာရှင်တို့ ပူးပေါင်းပြီး THAI ASSET CONSTRUCTION COMPANY LIMITED အား ယခုလို အကျိုးတူ ပူးပေါင်းလက်တွဲ ဆောင်ရွက်ကာ တည်ထောင်တာဖြစ်ကြောင်း သိရသည်။
THAI ASSET CONSTRUCTION COMPANY LIMITED၏ Representative အနေဖြင့် ဒေါ်စန်းစန်းဝင်း(နန်းကြာဖြူ)၊ မန်းနေဂျင်း ဒါရိုက်တာ၏ Secretary အနေဖြင့် ဒေါ်မားနီးဝမ်း(Da)၊ ကုမ္ပဏီ၏ Administration အပိုင်းတွင် ဒေါ်နန်းဖြူဖြူဟိန်း(သီရီ)၊ Marketing အနေဖြင့် ဦးစည်သူမောင် နှင့် ဦးခင်မောင်လတ်တို့ အပါအ၀င် အလုပ်အမှုဆောင်အဖွဲ့ဝင်များဖြင့် ကုမ္ပဏီအား ၀ိန်းကျောက်၊ အာခါဈေးရှေ့၊ တာချီလိတ်မြို့၌ ဖွင့်လှစ်ထားရှိကြောင်း သိရှိရသည်။
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/
Email: [email protected]
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬