ရှမ်းပြည်နယ်၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်ကြက်ခြေနီအသင်းက ကြီးမှူးကျင်းပသည့် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အခမ်းအနားကို စက်တင်ဘာ ၁၄ ရက်၊ နံနက် ၁၁ နာရီက အခြေခံပညာ
အထက်တန်းကျောင်း၊ သံလွင်ခန်းမဆောင်၌ ကျင်းပရာ မြို့နယ်ကြက်ခြေနီအသင်း ဥက္ကဋ္ဌ မြို့နယ်
ဆရာဝန်ကြီး ဒေါက်တာအောင်ဇေယျ က အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ် ရှေးဦးပြုစုခြင်း ပြိုင်ပွဲတွင် ဆုရရှိသော
တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုဆုနှင့် ပါဝင်ယှဉ်ပြိုင်သည့် တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ချို၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးနိုင် နှင့် တာဝန်ရှိသူများက ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/
Email: [email protected]
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬