Oishi Green Tea ကုန်ပစ္စည်းမှ တာချီလိတ်၊ ကျိုင်းတုံ နှင့် တောင်ကြီးမြို့များရှိ လက္ကားဆိုင်များ နှင့် စတိုးဆိုင်များမှ အရောင်းကိုယ်စားလှယ်များအား ကျေးဇူးတုံ့ပြန်သောအားဖြင့် Experience Oishi Life In Bangkok 2013 Oishi ခရီးစဉ်အတွက် ကံထူးရှင် ရွေးချယ်ခြင်း နှင့် ဂုဏ်ပြု ညစာ စားပွဲကို ၂၀၁၃ခုနှစ် စက်တင်ဘာလ ၂ ရက်၊ ည ၇ နာရီအချိန်က ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
Oishi Green Tea မှ အရောင်းကိုယ်စားလှယ် ၁၁ ဦးအား ရောင်းအားအလိုက် အရောင်းမြှင့်တင်ရေး ဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြပြီး၊ Oishi Green Tea မှ အရောင်းကိုယ်စားလှယ်များအတွက် အထူးအစီအစဉ် တစ်ရပ် အနေဖြင့် Experience Oishi Life In Bangkok 2013 Oishi ခရီးစဉ်ဆုမဲ ၆ ဆု၏ ကံထူးရှင်များကို Oishi Green Tea ၏ တာဝန်ရှိသူများမှ မဲနှိုက်ရွေးချယ်ခဲ့ကြသည်။
ညစာစားပွဲသို့ တက်ရောက်လာသော တာချီလိတ်၊ ကျိုင်းတုံ နှင့် တောင်ကြီးမြို့များရှိ လက္ကားဆိုင်များ နှင့် စတိုးဆိုင်များမှ အရောင်းကိုယ်စားလှယ်များအား Oishi Group နှင့် Oishi Green Tea အကြောင်းအရာများကို Oishi Green Tea ၏ တာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့ကြကြောင်း သိရှိရသည်။
ဂရင်းတီး၏ ပင်ကိုယ် ရနံ့၊ သံပုရာ ပျားရည်ရနံ့၊ ဂျပန်ပြည်မှ လှော်ထားသော ဂျပန်ဆန်ရနံ့နှင့် ဂျပန်လက်ဖက်ရွက်နုကို လှော်၍ရသော Black Tea အား သံပုရာရနံ့ တို့ဖြင့် ထုတ်လုပ် ထားသော Oishi ဂရင်းတီး အရသာ(၄)မျိုးကို အရောင်း ကုန်တိုက်၊ Super Market နှင့် စတိုးဆိုင်များတွင် ၀ယ်ယူ သောက်သုံးနိုင်ပါပြီ။
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/
Email: [email protected]
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬