ဓမ္မစကူးလ်ကျောင်းတော်(တာချီလိတ်)၏ ဆဋ္ဌမအကြိမ်မြောက် သင်ကြားမှုအဖြစ် စက်တင်ဘာလ ၂၉ရက် နံနက် ၈နာရီမှ နေ့လည် ၁၁နာရီအချိန်ထိ အ.ထ.က(တာချီလိတ်)၌ ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ် ၁၂၀ကျော်တို့အား ဆရာတော်များ၊ သင်ကြားရေး ဆရာ/မများနှင့် ဆရာကူများဖြင့် သင်ကြား ပို့ချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ သင်ကြားရာသို့ တာချီလိတ်မြို့ရှိ စေတနာရှင် အလှူရှင်များဖြစ်သည့် ဦးရဲဇော်မြင့်+ဒေါ်မေဦး မိသားစုမှ သံဃာတော်များအတွက် နေ့ဆွမ်း နှင့် ကျောင်းသား၊ ကျောင်းသူများအတွက် အာဟာရကို လှူဒါန်းပြီး ဦးနိုင်စိုးဦး+ဒေါ်တင်နီလာဝင်း မိသားစုတို့မှလည်း ကလေးသူငယ်များအတွက် အာဟာရများကို လာရောက်လှူဒါန်းခဲ့ကြသည်။
ဆက်လက်၍ ဓမ္မစကူးလ်ကျောင်းတော်(တာချီလိတ်)အတွက် သင်ကြားမှု အထောက်ကူပြု ပစ္စည်းများ နှင့် လိုအပ်သည့် နေရာများ အတွက် အသုံးပြုနိုင်ရန် တာချီလိတ်ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ ကျပ်ငွေ တစ်သိန်း၊ တာချီလိတ်ခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကျပ်ငွေ တစ်သိန်း၊ ဦးလှထွန်း+ဒေါ်တာတာရွှေ မိသားစုမှ ဘတ်ငွေ ၅၀၀၀၊ ဦးကျော်သီဟ+ဒေါ်အေးအေးမြင့် ( ပြည့်စုံပုံနှိပ်တိုက် ) မိသားစုမှ စာရေးခုံ တစ်ခုံအတွက် ၁၁၀၀ ဘတ်၊ ဦးကျော်စိုးဝင်း မိသားစုမှ စာရေးခုံတစ်ခုံ အတွက် ၁၁၀၀ဘတ် နှင့် ဦးဌေးအောင်+ဒေါ်သီတာဝင်းတို့မှ သမီး မပြည့်ပြည့်သော် ၈ နှစ်ပြည့် မွေးနေ့အလှူအဖြစ် ကျပ်ငွေ တစ်သိန်းတို့ကို အသီးသီး လာရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ဦးကျော်သီဟ - ဥက္ကဌ
မြန်မာဖုန်း ။ ။ 09-5240191, 084-51915
ထိုင်းဖုန်း။ ။ 0900524606
ပြည့်စုံပုံနှိပ်တိုက်၊ တာချီလိတ်မြို့။
ဦးဇော်မြင့် - ဒုတိယ ဥက္ကဌ
မြန်မာဖုန်း။ ။ 09-5240377
ထိုင်းဖုန်း။ ။ 081-7645527
"ဖြိုး"ကုန်မျိုးစုံဆိုင်၊ တာချီလိတ်မြို့။
ထိုင်းဖုန်း။ ။ 086-9187739
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/
Email: [email protected]
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬