ဓမ္မစကူးလ်(ကျောင်းတော်)တာချီလိတ်မှ ကျောင်းသား၊ ကျောင်းသူ ၁၃၀ကျော်အား အပတ်စဉ် တနင်္ဂနွေနေ့တိုင်း၊ အ.ထ.က(တာချီလိတ်)၌ ယဉ်ကျေးလိမ္မာစေရန်အတွက် သင်ကြားပို့ချပေးလျှက်ရှိရာ စက်တင်ဘာလ ၂၂ ရက်၊ တနင်္ဂနွေနေ့၊ နံနက် ၈နာရီမှစ၍ နေ့လည် ၁၁ နာရီအချိန်ထိ ဓမ္မစကူးလ်(ကျောင်းတော်)တာချီလိတ်မှ ပဉ္စမအကြိမ်မြောက်အဖြစ် ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ် ၁၃၀ အား သင်ကြားပို့ချခဲ့ကြကြောင်း သိရသည်။
ဓမ္မစကူးလ်(ကျောင်းတော်)တာချီလိတ်မှ ပဉ္စမအကြိမ်မြောက်အဖြစ် ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ်များအား သင်ကြားပို့ချရာသို့ သင်ကြားပို့ချပေးသော သံဃာတော်များအတွက် နေ့ဆွမ်းကို ဦးကျော်ရှဲန်+ဒေါ်ထားယုခိုင် ( ပုလဲတည်းခိုခန်း )မိသားစုမှ လှူဒါန်းတာဖြစ်ပြီး၊ ကလေးသူငယ်များအတွက် အာဟာရအဖြစ် ဦးကျော်လင်း+ဒေါ်မော်မော်ဋ္ဌေး မိသားစုတို့မှ လှူဒါန်းခဲ့ကြသည်။
ဓမ္မစကူးလ်(ကျောင်းတော်)တာချီလိတ်တွင် ကလေးသူငယ်များအား သင်ကြားပို့ချရာ၌ လိုအပ်နေသည် ဖြစ်သော စာရေးခုံ နှင့် စားပွဲအနိမ့်တို့အတွက် ဦးဟိန်းထူး မိသားစုမှ ၈၂၀၀ ဘတ် နှင့် ဦးကျော်သီဟ( ပြည့်စုံပုံနှိပ်တိုက်) မိသားစုမှ စာရေးခုံတစ်လုံးစာ ၁၁၀၀ဘတ်အား လှူဒါန်းခဲ့ကြကြောင်း သိရသည်။
"အလှူရှင်တွေအနေနဲ့ ကလေးတွေအတွက် အာဟာရအဖြစ် မုန့်၊ ပဲ၊ သရေစာတွေကို လှူဒါန်းနိုင်တဲ့အပြင် ရောင်စုံခဲတံတွေ၊ ချွန်စက်တွေ၊ စာရေးစားပွဲခုံတွေ၊ လိုအပ်ပါတယ်၊ နောက်ပြီး A4 စာရွက်တွေလည်း လိုအပ်ပါတယ်၊ A4 စာရွက်တွေကတော့ ကလေးတွေအတွက် ဆေးရောင်စုံချယ်ဖို့ ပုံတွေကို မိတ္တူကူးတဲ့အခါမှာ သုံးဖို့ပါ"ဟု ဓမ္မစကူးလ်(ကျောင်းတော်)တာချီလိတ်၏ ကော်မတီဝင်တစ်ဦးဖြစ်သူမှ တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။
"သားလေးက ကျောင်းပိတ်ရက်ဆို ဂိမ်းဆော့နေတာ၊ အခု တနင်္ဂနွေနေ့တိုင်း ဓမ္မစကူးလ်ကိုပဲ ပို့ထားပေးတော့ ကလေးအတွက် ဘာသာရေးလည်း ကိုင်းရှိုင်းလာတယ်၊ အရင်ကထက် ပြောရဆိုရတာ ပိုလွယ်ကူလာလို့ ၀မ်းသာမိပါတယ်ရှင်"ဟု မကာဟိုခမ်းရပ်ကွက်နေ ကလေး၏ မိခင်တစ်ဦးမှ တာချီလိတ်အွန်လိုင်းသို့ ပြောကြားလာသည်။
ဓမ္မစကူးလ်(ကျောင်းတော်)တွင် သင်ကြားပို့ချရာ၌ ထောက်ကူပြုပစ္စည်းများ လိုအပ်နေသည်ဖြစ်ရာ အလှူရှင်များအနေဖြင့် စာရေးခုံ၊ စားပွဲအနိမ့်၊ ဓမ္မစကူးလ်၏ အတန်းလိုက် သင်ရိုးညွှန်းတမ်း စာအုပ်များလည်း လှူဒါန်းနိုင်ကြောင်း သိရသည်။
ဓမ္မစကူးလ်ကျောင်းတော်(တာချီလိတ်)သို့ ဆက်သွယ်လှူဒါန်းလိုလျှင် -
ဦးကျော်သီဟ - ဥက္ကဌ
မြန်မာဖုန်း ။ ။ 09-5240191, 084-51915
ထိုင်းဖုန်း။ ။ 0900524606
ပြည့်စုံပုံနှိပ်တိုက်၊ တာချီလိတ်မြို့။
ဦးဇော်မြင့် - ဒုတိယ ဥက္ကဌ
မြန်မာဖုန်း။ ။ 09-5240377
ထိုင်းဖုန်း။ ။ 081-7645527
"ဖြိုး"ကုန်မျိုးစုံဆိုင်၊ တာချီလိတ်မြို့။
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/
Email: [email protected]
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬