တာလေမြို့နယ်ခွဲ နားယောင်းကျေးရွာ၌ ပိုက်မိုင်း တစ်လုံးကွဲ၍ လူတစ်ဦးသေဆုံး

တာလေမြို့နယ်ခွဲ နားယောင်းကျေးရွာ၌ ပိုက်မိုင်း တစ်လုံးကွဲ၍ လူတစ်ဦးသေဆုံး
သြဂုတ် 12, 2013
By Tachileik News Agency

သြဂုတ်လ ၁၂ရက်နေ့ မွန်းလွှဲ ၁နာရီ ၃၀မိနစ်အချိန်ခန့်က တာလေမြို့နယ်ခွဲ၊ နားယောင်းကျေးရွာအုပ်စု၊ နာယောင်းကျေးရွာ၊ တာချီလိတ် - ကျိုင်းတုံ သွားကားလမ်းဘေးရှိ ပြည်သူ့စစ်ခေါင်းဆောင်၏ နေအိမ်တွင် အီကွေးမင်း အတွင်းမှ ပိုက်မိုင်း တစ်လုံး ပေါက်ကွဲမှုကြောင့် လူတစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပြည်သူ့စစ်ခေါင်းဆောင်၏ နေအိမ်တွင် အစောင့်ထားရှိထားသော အသက် ၂၂ နှစ်အရွယ် ကိုသဲမောင်မောင်သည် အဆိုပါ အိမ်၌ တစ်ဦးတည်းရှိနေစဉ် နေအိမ်အောက်တွင် ထားရှိသော အီကွေးမင်းအတွင်းမှ ခွန်ဆာလုပ်
( ပိုက်မိုင်း )ကို ကိုင်တွယ်မိရာမှ ရုတ်တရက် ပေါက်ကွဲသွားကာ  လက်နှစ်ဖက်လုံး ပြတ်သွားခဲ့ပြီး၊ ယာဘက်ခြေသလုံးအရိုး၊ အရေပြားစုတ်ပြဲကာ သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

အဆိုပါ အခင်းဖြစ်ရပ်အတွက် သက်ဆိုင်ရာမှ စစ်ဆေးမှုများပြုလုပ်နေပြီး တာလေရဲစခန်းမှ သေမှု/သေခင်း အမှတ် ၁/၂၀၁၃ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။