၂၀၁၃ခုနှစ် သြဂုတ်လ ၂၈ရက် ညနေ ၇ နာရီအချိန်က လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှ တွဲဖက် ပြည်နယ်ဦးစီးဌာနမှူး ဦးစိုင်းဘုန်းတင့် က တာချီလိတ်မြို့၊ ခရိုင်/မြို့နယ်ဦးစီးဌာနမှူးရုံး၊ တာလေမြို့နယ်ခွဲ/ကျိုင်းလပ်မြို့နယ်ခွဲဦးစီးဌာနမှူးရုံး၊ အမှတ်(၈) နိုင်ငံခြားသား မတရားဝင်ရောက်မှု ကာကွယ်ရေးအဖွဲ့ ၀န်ထမ်းများအား တာချီလိတ်ခရိုင်လ၀ကရုံးတွင် တွေ့ဆုံ၍ အစည်းအဝေး တစ်ရပ်ပြုလုပ်ရာတွင် အဆိုပါ ၀န်ထမ်းများအား လာဘ်ပေးလာဘ်ယူ လျော့နည်းပပျောက်ရေးအတွက် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှ တွဲဖက် ပြည်နယ်ဦးစီးဌာနမှူး ဦးစိုင်းဘုန်းတင့် က " ၀န်ထမ်းများသည် နိုင်ငံတော်၏ မူဝါဒကို လေးစားလိုက်နာရေး၊ လာဘ်ပေးလာဘ်ယူ ကင်းရှင်းရေး၊ ပြည်သူလူထုအား ၀န်ထုတ်၊ ၀န်ပိုး၊ ဖြစ်စေသော လုပ်ရပ်များကို လုပ်ဆောင်ခြင်းမပြုမိစေရန်၊ လာဘ်ပေးလာဘ်ယူ ကျူးလွန်သည့် ၀န်ထမ်းများအား အရေးယူဆောင်ရွက်ရသည့် ပြစ်ဒဏ်(၉)မျိုးအနက် အမြင့်ဆုံးပြစ်ဒဏ်ကို စံနမူနာဖြစ်အောင် ထိရောက်စွာ အရေးယူပြုလုပ်သွားမှာဖြစ်ကြောင်း ၀န်ထမ်းများ သိရှိနားလည်စေရန်အတွက် အသိပေးထားပြီးဖြစ်ကြောင်း၊ ပုဒ်မ- ၆/၇နှင့် အကျုံးဝင်သူ နိုင်ငံခြားသွေးနှောလူမျိုးများအား ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် လိုအပ်သော အထောက်အထား အချက်အလက်များ ပြီးပြည့်စုံစွာ တင်ပြလာပါက နိုင်ငံသား ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ဆောင်ရွက်သွားရန်၊ မလိုအပ်ဘဲ ငွေကြေးတောင်းခံခြင်း၊ ဆက်ဆံရေး ပြေပြစ်မှုမရှိခြင်း၊ အကြောင်းအမျိုးမျိုးပြကာ အချိန်ကြန့်ကြာအောင် ဆောင်ရွက်ခြင်းမပြုလုပ်ရန်အတွက်၊ ခရိုင်/မြို့နယ်/မြို့နယ်ခွဲမှူးများမှ လက်အောက်ဝန်ထမ်းများအား စနစ်တကျ ကြပ်မတ်ဆောင်ရွက်စေရန်နှင့် အလွှာရှင်ပြည်သူများအား တိုက်ရိုက်ထိတွေ့သွားရန်နှင့် မြို့နယ်/မြို့နယ်ရုံးဝန်ထမ်းများသာမက ခရိုင်ရုံးဝန်ထမ်းများ၊ မကဖ၀န်ထမ်းများသည်လည်း ပြည်သူနှင့် ထိတွေ့မှုများရှိသဖြင့် ပြည်သူများနှင့် ဆက်ဆံသည့်အခါ ပြေပြစ်စွာ ဆက်ဆံရန်နှင့် အကြောင်းအမျိုးမျိုးပြကာ ငွေတောင်းခံခြင်းမျိုး
ပြုလုပ်ခြင်းများအား ရှောင်ကျဉ်စေလိုကြောင်း မှာကြားသွားခဲ့သည်။
အဆိုပါ အစည်းအဝေး၌ ခရိုင်/မြို့နယ်/မြို့နယ်ခွဲ/မကဖ-၈ ၀န်ထမ်းအင်အား ၅၈ ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/
Email: [email protected]
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬