တာချီလိတ်မြို့၌ ၁၅၀၀ ကျပ်တန် GSM တယ်လီဖုန်း Sim ကဒ်အား လိမ်လည်ထုတ်ယူမှုဖြစ်ပွား

တာချီလိတ်မြို့၌ ၁၅၀၀ ကျပ်တန် GSM တယ်လီဖုန်း Sim ကဒ်အား လိမ်လည်ထုတ်ယူမှုဖြစ်ပွား
ဇူလိုင် 30, 2013
By Tachileik News Agency

တာချီလိတ်မြို့၌ ၁၅၀၀ကျပ်တန် တယ်လီဖုန်းများအား မဲစနစ်ဖြင့် ရောင်းချပေးခဲ့ရာ ၂၆-၇-၂၀၁၃ ရက်နေ့တွင် မဲပေါက်သူများအား စတင်ဝယ်ယူခွင့်ပြုခဲ့ပြီး အဆိုပါနေ့ ရုံးပိတ်ခါနီး အချိန်တွင် ဒေါ် ............ ၁၃/လလန (နိုင်) ၀၁........ ဆိုသူသည် ၄င်း၏ မှတ်ပုံတင်၊ လိုင်စင်ဓာတ်ပုံတို့နှင့် အတူ တယ်လီဖုန်းကတ် လာထုတ်ရာ တာဝန်ရှိသူတို့မှ ဒေါ် ....... အမည်ဖြင့် မဲပေါက်သူရှိနေသောကြောင့် ၀ယ်ယူခွင့်ပြုခဲ့ပါသည်။

သို့သော် အမှန်တကယ် မဲပေါက်သူ (အမည်တူ)မှ ၃၀-၇-၂၀၁၃ရက်နေ့တွင် လာရောက် ထုတ်ယူသည့် အခါမှ ပထမထုတ်ယူသွားသူ ဒေါ်........ သည် လိမ်လည်ထုတ်ယူသွားကြောင်း သိရှိရသဖြင့် ၎င်းနေထိုင်ရာ နေအိမ်သို့ လိုက်လံရှာဖွေပြီး တယ်လီဖုန်းကတ်အား ပြန်လည် သိမ်းဆည်းခဲ့ကြောင်း သိရသည်။

၎င်းမှလည်း လိမ်လည်ထုတ်ယူခဲ့ကြောင်းနှင့် သိသိကြီးနှင့် ရလိုရငြား ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ၀န်ခံခဲ့ပါသည်။

အဆိုပါ ဒေါ်........ ၏ အမည်၊ နေရပ်လိပ်စာနှင့် မှတ်ပုံတင်အမှတ်များအား သက်ဆိုင်ရာ
တာဝန်ရှိသူများမှ မှတ်တမ်းတင်ထားပြီး နောက်နောင် တာချီလိတ်မြို့နယ်အတွင်း ၎င်း၏ အမည်ဖြင့်
မည်သည့် တယ်လီဖုန်းကိုမှ လျှောက်ထားခွင့်၊ ၀ယ်ယူခွင့်ပြုမည် မဟုတ်ကြောင်း၊ Black list
စာရင်းသွင်းလိုက်ကြောင်း တာချီလိတ်အွန်လိုင်းမှ သိရှိရသည်။