ထိုင်းနိုင်ငံတွင် ကျင်းပသော (၉)ကြိမ်မြောက် မဲခေါင်မြစ်ဝှမ်းဒေသ (၆)နိုင်ငံ ချစ်ကြည်ရေး အားကစားပြိုင်ပွဲ(ချင်းရိုင်း)သို့ တာချီလိတ်မြို့မှ လူ(၉၀)ဦး အခမဲ့ သွားရောက်ကြည့်ရှုနိုင်

ထိုင်းနိုင်ငံတွင် ကျင်းပသော (၉)ကြိမ်မြောက် မဲခေါင်မြစ်ဝှမ်းဒေသ (၆)နိုင်ငံ ချစ်ကြည်ရေး အားကစားပြိုင်ပွဲ(ချင်းရိုင်း)သို့ တာချီလိတ်မြို့မှ လူ(၉၀)ဦး အခမဲ့ သွားရောက်ကြည့်ရှုနိုင်
ဇွန် 5, 2013
By Tachileik News Agency

ထိုင်းနိုင်ငံ ချင်းရိုင်းမြို့တွင် ကျင်းပပြုလုပ်သော (၉)ကြိမ်မြောက် မဲခေါင်မြစ်ဝှမ်းဒေသ (၆)နိုင်ငံ ချစ်ကြည်ရေး အားကစားပြိုင်ပွဲတွင် မြန်မာ-ထိုင်း ဘောလုံးပွဲကို  ၆.၆.၂၀၁၂ နံနက်(၁၀)နာရီတွင် ကျင်းပမည်ဖြစ်ရာ တာချီလိတ်မြို့မှ အားကစားဝါသနာရှင်များအနေဖြင့် အားပေးလိုသူများ ယနေ့ညနေ (၃)နာရီနောက်ဆုံးထားပြီး တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ မှတ်ပုံတင်နှင့်တကွ စာရင်းပေးရမှာဖြစ်ပြီး (၆)ရက်နေ့ နံနက်(၇)နာရီတွင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ အရောက်လာရမှာ ဖြစ်ကြောင်းသိရသည်။

သွားရောက်ကြည့်ရှုလိုသူများအား ကားနှစ်စီး စီစဉ်ထားပေးရာ လူဦးရေ(၉၀)ယောက် ကန့်သတ်ထားပြီး နယ်စပ်ဖြတ်သန်းခနှင့် ချင်းရိုင်းအရောက် လမ်းစရိတ်မှာလည်း အခမဲ့ဖြစ်ပြီး ကွင်းဝင်ကြေးလည်း အခမဲ့ဖြစ်ကြောင်း သိရသည်။

ယခုအစီစဉ်မှာ ဇွန်လ(၆)ရက်နေ့ နံနက်(၁၀)နာရီတွင် ယှဉ်ပြိုင်မည့် မြန်မာ-ထိုင်း ဘောလုံးပွဲသို့ အားပေးရန်အတွက်သာဖြစ်ပြီး ကျန်သည့်ပွဲစဉ်များအတွက် စီစဉ်ထားပေးခြင်း မရှိကြောင်း သိရသည်။

အားကစားပွဲစဉ်များ
=------------------------------------=
{ 4-6-2013}

နိုင်ငံအလိုက် ကိုယ်စားလှယ်များမှမဲနှိုက်စဉ်
ဘောလုံးပွဲစဉ်
=---------=
၅-၆-၂၀၁၃ နံနက် ၁၀ နာရီ မြန်မာ-တရုတ်
၆-၆-၂၀၁၃ နံနက် ၁၀ နာရီ မြန်မာ-ထိုင်း

ပိုက်ကျော်ခြင်း
=----------=
*၆-၆-၂၀၁၃ နံနက် ၉ နာရီ မြန်မာ-ထိုင်း
၆-၆-၂၀၁၃ မွန်းလွဲ ၁ နာရီ မြန်မာ-ကမ္ဘောဒီးယား
၈-၆-၂၀၁၃

ရိုးရာအားကစား ( ၈-၆-၂၀၁၃ )
=---------------=
ဂုံနီအိပ်စွတ်၊
ဖရဲသီးပိုက်ပြေး၊
ခြေသုံးချောင်းထောက်ပြေး၊
ကင်းချီးမြားပြေး၊
သံလုံးကောက်ပစ်
ကြက်တောင်