ဘုန်းကြီးကျောင်း ( ၁၅ )ကျောင်းတည်ရှိရာနေရာတွင် လမ်းခင်းရန်အတွက် အလှူရှင်များ လိုအပ်နေ

ဘုန်းကြီးကျောင်း ( ၁၅ )ကျောင်းတည်ရှိရာနေရာတွင် လမ်းခင်းရန်အတွက် အလှူရှင်များ လိုအပ်နေ
သြဂုတ် 3, 2012
By Tachileik News Agency

ယနေ့( ၃.၈.၂ဝဝ၁၂) နေ့လည်တွင် အလင်းရောင်ပရဟိတအသင်းမှ ရဟန်းခံအလှူကို လိုက်ဖြစ်သွားခဲ့ရာ ဘုန်းကြီးကျောင်းသို့သွားသော လမ်းတစ်လျှောက်မှာ ဘုန်းကြီးတစ်ချို့၊ ကိုရင်တစ်ချို့ နှင့် ဘုန်းကြီးကျောင်းသားများ ပေါက်ပြား ကိုယ်စီဖြင့် လမ်းပြင်နေကြသည်ကို တွေ့ခဲ့ရပါသည်။

{တည်နေရာအား လမ်းပြမြေပုံတွင် ဖော်ပြထားပါသည်}

တည်နေရာမှာ တာချီလိတ်မြို့နယ် ဟောင်လိတ်ကျေးရွာအုပ်စုဖြစ်ပြီး ရီဂျီးနားဟိုတယ်၏ အနောက်ဖက်အခြမ်းတွင် ဖြစ်ပြီး ထိုနေရာတွင် ဘုန်းကြီးကျောင်း ( ၁၅ ) ကျောင်းခန့် ရှိကြောင်း သိရပါသည်။ ယခုလက်ရှိတွင် ရွှေဘုန်းမြင့်ကျောင်းတိုက်၊ ရွှေဟင်္သာကျောင်းတိုက်၊ မင်္ဂလာဇေယျုံကျောင်းတိုက်နှင့် အနီး အနားရှိ ကျောင်းတိုက်များမှ စုပေါင်းကာ ကျောက်ခင်းနေသည်မှာ ကားကြီးဖြင့် အစီး(၂၀)ရှိပြီးဖြစ်ကြောင်း သိရှိရသည်။

ယခုကဲ့သို့ ကျောင်းတိုက်များမှ စုပေါင်း၍ လမ်းခင်းနေသော်လည်း လိုအပ်နေသည်များရှိနေကြောင်း
တွေ့ရပါသည်။

ကျောင်းတိုက် ( ၁၅ ) ကျောင်းတိုက်ရှိသော နေရာတွင် အ၀င်တစ်လမ်းနှင့် လမ်းနှစ်ခွရှိသည်။ ထိုလမ်းတွင် ဘုန်းကြီးကျောင်းတို့ လာသော ဆိုင်ကယ်များ ကားများအတွက် ယခုအခါသည် မိုးတွင်းဖြစ်တာကြောင့် သွားရလာရ အဆင်မပြေမှုများ၊ ဘုန်းကြီးများ ကိုရင်များ ဆွမ်းခံထွက်ချိန်တွင်လည်း လမ်းများမှာ ရွံ့ဗွက်များ ထူပေါနေသည် ဖြစ်တာကြောင့် (တာချီလိတ်မြို့ရှိ ) သဒ္ဒါကြည်ဖြူ အလှူရှင်များအနေဖြင့် လှူဒါန်းမှုများ ပြုလုပ်နိုင်ရန်အတွက် တိုက်တွန်းနှိုးဆော် အသိပေးလိုက်ပါသည်။

ပုံများကိုကြည့်ရန်

တာချီလိတ်အွန်လိုင်းစာမျက်နှာ
www.tachileik.net