ယနေ့နံနက် (၉)နာရီတွင် ကိုမင်းကိုနိုင်ပါဝင်သော ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များသည် တာချီလိတ်မြို့ရွှေတိဂုံဘုရားသို့ သွားရောက် ဖူးမျှော်ပြီး ၎င်းတို့တည်းသော ရွှေရေကန်ဟိုတယ်တွင် တာချီလိတ်မြို့ရှိ ရှေ့နေများအား နံနက် ၁၀ နာရီခန့်မှစ၍ ၁၁နာရီဝန်းကျင်ထိ ပွင့်လင်းလွတ်လပ်စွာ အပြန်အလှန်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ထို့နောက် ၎င်းတို့သည် တာချီလိတ်မြို့ရှိ လူမှုအဖွဲ့အစည်းများ၊ ပရဟိတအသင်းများနှင့် တွေ့ဆုံရာ တာချီလိတ်မြို့ရှိ အလင်းရောင်ပရဟိတအသင်းတွေ့ဆုံဆွေးနွေးအကြံပေးကြပြီး ၁၁နာရီမိနစ်၄၀ခန့်တွင် ထိုတွေ့ဆုံခြင်း ပြီးဆုံးခဲ့ပါသည်။
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦
အလင်းရောင်ပရဟိတအဖွဲ့ဝင်များနှင့် အမှတ်တရ
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦
တာချီလိတ်မြို့ရှိ ရှေ့နေမျုားနှင့်တွေ့ဆုံရာတွင် တရားစီရင်ခြင်းနှင့် ပတ်သက်သည့်အကြောင်းအရာများကို မျှတမှန်ကုန်တိကျစေလိုသည်ကို ရည်ညွှန်းအကြံပေးပြောဆို ဆွေးနွေးခဲ့ကြသည်။
၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင်များနှင့် တာချီလိတ်မြို့ရှိ ရှေ့နေများ၏ ဗီဒီယိုမှတ်တမ်းအားကြည့်ရန်---
အလင်းရောင်ပရဟိတအသင်းနှင့်ပတ်သက်၍ ပရဟိတလုပ်ငန်းလုပ်စဉ်များ မည်သို့မည်ပုံလုပ်ရမည် ဘာတွေလိုအပ်နေသည် စသည့် အကြောင်းအရာများအဓိက အပြန်အလှန်ပြောဆို အကြံပေးဆွေးနွေးခဲ့ကြသည်။
၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင်များနှင့် အလင်းရောင်ပရဟိတအဖွဲ့ဝင်များ၏ ဗီဒီယိုမှတ်တမ်းအားကြည့်ရန်---
ပုံများကို ကြည့်လိုပါက
အမှားပြင်ဆင်ချက် နှင့် တောင်းပန်ခြင်း
ယခုတွေ့ဆုံပွဲသို့ တာချီလိတ်မြို့ရှိ တရားသူကြီးများလည်း သက်ရောက်ခဲ့သည်ဟု မှားယွင်းစွာ ဖော်ပြမိသည့်အတွက် ကျွန်တော်တို့ တာချီလိတ် အွန်လိုင်းစာမျက်နှာမှ အနှုးညွှတ်တောင်းပန်အပ်ပါသည်။ ထိုတွေ့ဆုံပွဲတွင် တာချီလိတ်မြို့ရှိ ရှေ့နေ (၁၀) ဦးခန့်သာ သွားရောက်တွေ့ဆုံခဲ့ကြပါသည်။