တာခ်ီလိတ္ၿမိဳ႕ ဧဒင္ရြာအနီးတြင္ လမ္းေလွ်ာက္ေနသူအား ကားတစ္စီးမွ ၀င္တိုက္မိၿပီး ထြက္ေျပးသြား

တာခ်ီလိတ္ၿမိဳ႕ ဧဒင္ရြာအနီးတြင္ လမ္းေလွ်ာက္ေနသူအား ကားတစ္စီးမွ ၀င္တိုက္မိၿပီး ထြက္ေျပးသြား
သြဂုတ် 23, 2018
By Tachileik News Agency
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ေမာ္ေတာ္ယာဥ္တစ္စီးက အရွိန္လြန္ကာ လမ္းတစ္ဖက္ ယာဥ္ေၾကာမွ လမ္းေလွ်ာက္ေနသူအား မ်က္ႏွာခ်င္းဆိုင္ ဝင္တုိက္မိၿပီး ထြက္ေျပးသြားသျဖင့္ ရဲတပ္ဖြဲ႕က ရွာေဖြေနေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕၊ ဖန္မင္ေက်းရြာအုပ္စု၊ ဧဒင္ရြာအနီး၊ ေအးရိပ္ၿမိဳင္အပန္းေျဖဥယ်ာဥ္သြားလမ္းဆံု တာခ်ီလိတ္ - က်ိဳင္းတံုကားလမ္းတြင္ တာခ်ီလိတ္ၿမိဳ႕တြင္းမွ မယ္ယန္းပူးေပါင္းစစ္ေဆးေရးဂိတ္ဘက္သုိ႔ ေမာင္းႏွင္လာသည့္ ေမာ္ေတာ္ယာဥ္တစ္စီးက လမ္းေလွ်ာက္ေနသူကို ဝင္တိုက္မိၿပီး ထြက္ေျပး သြားေၾကာင္း ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ (၂၂)ရက္ေန႔ည (၉)နာရီ (၅၀)မိနစ္ဝန္းက်င္၌ ယာဥ္ထိန္းရံုးသို႔ အေၾကာင္းၾကားလာျခင္းျဖစ္ေၾကာင္း သိရသည္။

ယာဥ္ထိန္းရံုးမွ တာဝန္မွဴး ရဲအုပ္ထိန္ရမင္းသည္ ရဲတပ္ၾကပ္ႀကီး ေအာင္ေဇာ္လတ္၊ သက္ေသမ်ားႏွင့္အတူ အခင္းျဖစ္ေနရာအား သြားေရာက္စစ္ေဆးရာ ခင္ပြန္းျဖစ္သူႏွင့္အတူ လမ္းေလွ်ာက္ေနသည့္ အသက္(၁၇)ႏွစ္အရြယ္ မေက်ာ့ရီဝင္းသန္႔မွာ ယာဥ္တုိက္မိသည့္ ဒဏ္ရာေၾကာင့္ ဦးေခါင္းတြင္ ဒဏ္ရာရသြားသည္ကို ေတြ႔ရသျဖင့္ တာခ်ီလိတ္ျပည္သူ႔ေဆးရံုသို႔ တာခ်ီလိတ္နာေရးကူညီမႈအသင္းမွ ပို႔ေဆာင္ေပးထားျခင္းျဖစ္ေၾကာင္း သိရသည္။

တုိက္မိသည့္ ေမာ္ေတာ္ယာဥ္သည္ လမ္းေလွ်ာက္သူမ်ားႏွင့္ မ်က္ႏွာခ်င္းဆိုင္ တစ္ဖက္ယာဥ္ေၾကာမွ ေမာင္းႏွင္လာရင္း အရွိန္လြန္ကာ လမ္းေလွ်ာက္သူမ်ားကိုဝင္တုိက္မိျခင္းျဖစ္ေၾကာင္း အခင္းျဖစ္ေနရာမွ စံုစမ္းသိရိွရသျဖင့္ ရဲတပ္ဖြဲ႕က အမႈဖြင့္ထားၿပီး ထြက္ေျပးယာဥ္အား စံုစမ္းရွာေဖြေနေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - တာခ်ီလိတ္နာေရးကူညီမႈအသင္း


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့ ဧဒင်ရွာအနီးတွင် လမ်းလျှောက်နေသူအား ကားတစ်စီးမှ ၀င်တိုက်မိပြီး ထွက်ပြေးသွား
https://www.tachileik.net/2018/08/17.html
************

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် မော်တော်ယာဉ်တစ်စီးက အရှိန်လွန်ကာ လမ်းတစ်ဖက် ယာဉ်ကြောမှ လမ်းလျှောက်နေသူအား မျက်နှာချင်းဆိုင် ဝင်တိုက်မိပြီး ထွက်ပြေးသွားသဖြင့် ရဲတပ်ဖွဲ့က ရှာဖွေနေကြောင်း သိရသည်။

တာချီလိတ်မြို့၊ ဖန်မင်ကျေးရွာအုပ်စု၊ ဧဒင်ရွာအနီး၊ အေးရိပ်မြိုင်အပန်းဖြေဥယျာဉ်သွားလမ်းဆုံ တာချီလိတ် - ကျိုင်းတုံကားလမ်းတွင် တာချီလိတ်မြို့တွင်းမှ မယ်ယန်းပူးပေါင်းစစ်ဆေးရေးဂိတ်ဘက်သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးက လမ်းလျှောက်နေသူကို ဝင်တိုက်မိပြီး ထွက်ပြေး သွားကြောင်း ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၂၂)ရက်နေ့ည (၉)နာရီ (၅၀)မိနစ်ဝန်းကျင်၌ ယာဉ်ထိန်းရုံးသို့ အကြောင်းကြားလာခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်ထိန်းရုံးမှ တာဝန်မှူး ရဲအုပ်ထိန်ရမင်းသည် ရဲတပ်ကြပ်ကြီး အောင်ဇော်လတ်၊ သက်သေများနှင့်အတူ အခင်းဖြစ်နေရာအား သွားရောက်စစ်ဆေးရာ ခင်ပွန်းဖြစ်သူနှင့်အတူ လမ်းလျှောက်နေသည့် အသက်(၁၇)နှစ်အရွယ် မကျော့ရီဝင်းသန့်မှာ ယာဉ်တိုက်မိသည့် ဒဏ်ရာကြောင့် ဦးခေါင်းတွင် ဒဏ်ရာရသွားသည်ကို တွေ့ရသဖြင့် တာချီလိတ်ပြည်သူ့ဆေးရုံသို့ တာချီလိတ်နာရေးကူညီမှုအသင်းမှ ပို့ဆောင်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။

တိုက်မိသည့် မော်တော်ယာဉ်သည် လမ်းလျှောက်သူများနှင့် မျက်နှာချင်းဆိုင် တစ်ဖက်ယာဉ်ကြောမှ မောင်းနှင်လာရင်း အရှိန်လွန်ကာ လမ်းလျှောက်သူများကိုဝင်တိုက်မိခြင်းဖြစ်ကြောင်း အခင်းဖြစ်နေရာမှ စုံစမ်းသိရှိရသဖြင့် ရဲတပ်ဖွဲ့က အမှုဖွင့်ထားပြီး ထွက်ပြေးယာဉ်အား စုံစမ်းရှာဖွေနေကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~