ျမစိမ္းေရာင္ေက်းရြာ စီမံကိန္းမ်ားႏွင့္ ပတ္သက္၍ ၿမိဳ႕နယ္အဆင့္ ျမစိမ္းေရာင္ ေက်းရြာ စီမံကိန္းသံုးသပ္ ေဆြးေႏြးပြဲကို ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ မိုင္းဆတ္ၿမိဳ႕တြင္ ဧၿပီလ(၂၀)ရက္ေန႔ နံနက္(၉)နာရီအခ်ိန္က မိုင္းဆတ္ခရိုင္ေက်းလက္ေဒသဖြံ႕ၿဖဳိးတိုးတက္ေရးဦးစီးဌာနရံုးတြင္ က်င္းပျပဳလုပ္ေၾကာင္း သိရသည္။
အဆိုပါ ေဆြးေႏြးပြဲတြင္ ေခ်းေငြမွ ရရွိလာေသာ အျမတ္ေငြမ်ားကို ေက်ာင္းဆရာမမ်ားအတြက္ ေနထိုင္ရန္ ေနအိမ္ ေဆာက္လုပ္ေပးရန္ကိစၥရပ္အား သက္ဆိုင္ရာ ေကာ္မတီ၀င္က ေဆြးေႏြးတင္ျပေၾကာင္း သိရသည္။
ျမစိမ္းေရာင္ ေခ်းေငြမွ ရရွိလာေသာ အျမတ္ေငြမ်ားကို စု၍ ေက်ာင္းဆရာမမ်ား ေနထိုင္ရန္အတြက္ လိုအပ္ေနသည့္ ေနအိမ္မ်ား ေဆာက္လုပ္ေပးေစလိုေၾကာင္းႏွင့္ ျမစိမ္းေရာင္ေက်းရြာ ရန္ပံုေငြ ႀကီးၾကပ္မႈ ေကာ္မတီ၀င္မ်ားက လုပ္ငန္းမ်ား ေဆာင္ရြက္ရာတြင္ ေတြ႕ႀကံဳရေသာ အခက္အခဲမ်ားေၾကာင့္ ေကာ္မတီအသစ္ ျပန္လည္ဖြဲ႔စည္းၿပီး သင္တန္းမ်ား ဖြင့္လွစ္ေပးရန္လိုအပ္ေၾကာင္း မိုင္းဆတ္ၿမိဳ႕နယ္ ၀မ္ေကာင္းေက်းရြာ ျမစိမ္းေရာင္ေကာ္မတီ၀င္ ဦးစိုင္းႏြံက ေဆြးေႏြးတင္ျပလိုက္ျခင္း ျဖစ္သည္။
ေဆြးေႏြးပြဲ၏ ကနဦးတြင္ ရွမ္းျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းခတၳိယႏွင့္ မိုင္းဆတ္ခ႐ိုင္ ေက်းလက္ေဒသဖြံ႔ၿဖိဳးတိုးတက္ေရး ဦးစီးဌာန၊ ခ႐ိုင္ဦးစီးမွဴး ဦးေအာင္လြင္က အဖြင့္အမွာစကား ေျပာၾကားၿပီး ၿမိဳ႕နယ္ေက်းလက္ေဒသဖြံ႔ၿဖိဳးတိုးတက္ေရး ဦးစီးဌာနမွ ၿမိဳ႕နယ္ဦးစီးမွဴး ဦးစိုင္းစိုးစိုးက ျမစိမ္းေရာင္ေက်းရြာဆိုင္ရာလုပ္ငန္းမ်ား ေဆာင္ရြက္မႈ အေျခအေနမ်ားကို ရွင္းလင္းေဆြးေႏြးခဲ့ၾကသည္။
သတင္း/ဓာတ္ပံု - ယဥ္ယဥ္၀င္း
http://www.tachileik.net/2017/04/MSY.html
**********
မြစိမ်းရောင်ကျေးရွာ စီမံကိန်းများနှင့် ပတ်သက်၍ မြို့နယ်အဆင့် မြစိမ်းရောင် ကျေးရွာ စီမံကိန်းသုံးသပ် ဆွေးနွေးပွဲကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့တွင် ဧပြီလ(၂၀)ရက်နေ့ နံနက်(၉)နာရီအချိန်က မိုင်းဆတ်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ချေးငွေမှ ရရှိလာသော အမြတ်ငွေများကို ကျောင်းဆရာမများအတွက် နေထိုင်ရန် နေအိမ် ဆောက်လုပ်ပေးရန်ကိစ္စရပ်အား သက်ဆိုင်ရာ ကော်မတီဝင်က ဆွေးနွေးတင်ပြကြောင်း သိရသည်။
မြစိမ်းရောင် ချေးငွေမှ ရရှိလာသော အမြတ်ငွေများကို စု၍ ကျောင်းဆရာမများ နေထိုင်ရန်အတွက် လိုအပ်နေသည့် နေအိမ်များ ဆောက်လုပ်ပေးစေလိုကြောင်းနှင့် မြစိမ်းရောင်ကျေးရွာ ရန်ပုံငွေ ကြီးကြပ်မှု ကော်မတီဝင်များက လုပ်ငန်းများ ဆောင်ရွက်ရာတွင် တွေ့ကြုံရသော အခက်အခဲများကြောင့် ကော်မတီအသစ် ပြန်လည်ဖွဲ့စည်းပြီး သင်တန်းများ ဖွင့်လှစ်ပေးရန်လိုအပ်ကြောင်း မိုင်းဆတ်မြို့နယ် ဝမ်ကောင်းကျေးရွာ မြစိမ်းရောင်ကော်မတီဝင် ဦးစိုင်းနွံက ဆွေးနွေးတင်ပြလိုက်ခြင်း ဖြစ်သည်။
ဆွေးနွေးပွဲ၏ ကနဦးတွင် ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းခတ္ထိယနှင့် မိုင်းဆတ်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအောင်လွင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းစိုးစိုးက မြစိမ်းရောင်ကျေးရွာဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
သတင်း/ဓာတ်ပုံ - ယဉ်ယဉ်ဝင်း