တရုတ်နိုင်ငံတွင် မူးယစ်မှုဖြင့်ထောင်ဒဏ်ကျ မြန်မာ (၂)ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရ

တရုတ်နိုင်ငံတွင် မူးယစ်မှုဖြင့်ထောင်ဒဏ်ကျ မြန်မာ (၂)ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရ
မတ် 5, 2020
By 🌸

တရုတ်နိုင်ငံတွင် မူးယစ်မှုဖြင့်ထောင်ဒဏ်ကျ မြန်မာ (၂)ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရ

တရုတ်နိုင်ငံတွင် မူးယစ်မှုဖြင့် ဟူပေပြည်နယ်တွင် ထောင်ဒဏ်ကျနေသည့် မြန်မာ (၂)ဦးမှာ ကိုရိုနာဗိုင်းရပ်စ် (COVID 19) ကူးစက်ခံထားရပြီး မြန်မာသင်္ဘောသား (၆၇)ဦးမှာ ရောဂါကူးစက်ခံထားရခြင်းမရှိကြောင်း မြန်မာသံရုံးက ၂၀၂၀ ခုနှစ်၊ မတ်လ (၅)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ရောဂါကူးစက်ခံရသည့် မြန်မာ (၂)ဦးမှာ မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်မှုနှင့် သယ်ယူပို့ဆောင်ရေးပြစ်မှု ကျူးလွန်သဖြင့် ဟူပေပြည်နယ်အကျဉ်းထောင်တွင် ထောင်ဒဏ်ကျနေသူများ ဖြစ်ကြပြီး ဖေဖေါ်ဝါရီလ (၂၇)ရက်နေ့နှင့် (၂၈)ရက်နေ့များ၌ Mobile Cabin Hospital သို့ ပို့ဆောင်ကုသပေးထားကာ အခြေအနေတည်ငြိမ်နေသည်ဟု အကျဉ်းထောင်စီမံခန့်ခွဲရေးဌာနက မြန်မာသံရုံးသို့ အကြောင်းကြားခြင်းဖြစ်ကြောင်း သိရသည်။

ရောဂါကူးစက်ခံထားရသည့် မြန်မာအကျဉ်းသားများကို တန်းတူအခွင့်အရေးများ စီစဉ်ပေးထားသည့်အပြင် ကြောက်ရွံ့ပူပန်စိတ် လျှော့ချပေးခြင်းများကိုလည်း လုပ်ဆောင်ပေးနေသည်ဟု အကျဉ်းထောင်စီမံခန့်ခွဲရေးဌာနက အကြောင်းကြားထားကြောင်း သိရသည်။

တရုတ်နိုင်ငံတွင် တရားမဝင်မှောင်ခိုပစ္စည်းများ သယ်ဆောင်ရောင်းဝယ်မှုဖြင့် ပြည်နယ်နှင့် မြူနီစီပယ်မြို့ (၈)ခုရှိ ထိန်းသိမ်းရေးနှင့် အကျဉ်းစခန်း (၁၈)ခုတွင် အမှုရင်ဆိုင်နေရဆဲနှင့် ပြစ်ဒဏ်ကျခံနေရသည့်  မြန်မာသင်္ဘောသား (၆၇) ဦးမှာ ရောဂါကူးစက်ခံရခြင်းမရှိကြောင်းနှင့် ၎င်းတို့အား မိသားစုများနှင့် အဆက်အသွယ်ပြုလုပ်ပေးခြင်း၊ လိုအပ်သည့် ကူညီမှုများကို မြန်မာသံရုံးက ဆောင်ရွက်ပေးနေကြောင်း သိရသည်။

Tachileik News Agency
သတင်း ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~