ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်အတွင်း မီးခိုးမြူဖုံးလွှမ်းနေ၍ လူထုပူးပေါင်းပြီး နေ့စဉ် နံနက်(၁၁)နာရီတွင် တစ်ပြိုင်တည်း ရေမှုန်ရေမွှား ပက်ဖြန်းနိုင်ရန် စီစဉ်

ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်အတွင်း မီးခိုးမြူဖုံးလွှမ်းနေ၍ လူထုပူးပေါင်းပြီး နေ့စဉ် နံနက်(၁၁)နာရီတွင် တစ်ပြိုင်တည်း ရေမှုန်ရေမွှား ပက်ဖြန်းနိုင်ရန် စီစဉ်
မတ် 15, 2020
By Tachileik News Agency
ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်အတွင်း မီးခိုးမြူဖုံးလွှမ်းနေ၍ လူထုပူးပေါင်းပြီး နေ့စဉ် နံနက်(၁၁)နာရီတွင် တစ်ပြိုင်တည်း ရေမှုန်ရေမွှား ပက်ဖြန်းနိုင်ရန် စီစဉ်

ထိုင်းနိုင်ငံ၊ ချင်းရိုင်းခရိုင်အတွင်း မီးခိုးမြူထူထပ်စွာ ဖုံးလွှမ်းနေပြီး လေထုအတွင်း အမှုန်ပါဝင်မှု အဆိုးဆုံး အခြေအနေဖြစ်နေ၍ လေထုအတွင်း ရေမှုန်ရေမွှားပက်ဖြန်းခြင်းအား သက်ဆိုင်ရာနှင့်အတူ လူထုပူးပေါင်းပြီး နေ့စဉ် နံနက်တိုင်း (၁၁)နာရီတွင် တစ်ပြိုင်တည်း ဆောင်ရွက်သွားကြရန် စီစဉ်နေကြောင်း သိရသည်။

၂၀၂၀ခုနှစ် မတ်လ(၁၅)ရက်နေ့ နံနက်ပိုင်းက ချင်းရိုင်းမြို့၏ အထင်ကရ နေရာဖြစ်သည့် နာရီစင်တွင် ချင်းရိုင်ခရိုင်အုပ်ချုပ်ရေးမှူး ဦးဆောင်သည့်အဖွဲ့က ရေမှုန်ရေမွှား ပက်ဖြန်းကြောင်း သိရသည်။

ချင်းရိုင်းခရိုင်အတွင်း လေထုမှာ လွန်ခဲ့သည့် (၇)ရက်မှစ၍ အဆိုးဆုံး အခြေအနေဖြစ်နေ၍ ဒေသတွင်း လူထုအနေဖြင့် အမှုန်အမွှားကို ကာကွယ်ရန် Mask ဈေးကြီးမြင့်ပါက အဝတ်ဖြင့်ချုပ်ထားသည့် Mask များကို တပ်ဆင်နိုင်ကြောင်း ဆရာဝန်များက အကြံပြုထားသည်။

ဒေသတွင်း မီးခိုးမြူထူထပ်မှုကို လျှော့ချရေးအတွက် သက်ဆိုင်ရာဌာနများနှင့်အတူ ဒေသလူထုပူးပေါင်းပါဝင်ပြီး တောမီးရှို့ခြင်း လျှော့ချခြင်းအပြင် လေထုအတွင်း ရေမှုန်ရေမွှားပက်ဖြန်းခြင်းကို ကမ်ပိန်းတစ်ရပ်အဖြစ် ဖေါ်ဆောင်သွားရန် ချင်းရိုင်းအုပ်ချုပ်ရေးမှူးက စီစဉ်ထားကြောင်း သိရသည်။

ချင်းရိုင်းဒေသတွင်း မီးခိုးလျှော့ချရေးအတွက် မိုးတုရွာသွန်းရေးကိုလည်း စီစဉ်နေကြောင်း သိရသည်။

Tachileik News Agency
Photo: PR Chiangrai


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~