ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံပါသည့် ကျပ်ငွေ (၅၀၀)တန် ငွေစက္ကူအသစ် အာဇာနည်နေ့တွင် ထုတ်ဝေမည်

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံပါသည့် ကျပ်ငွေ (၅၀၀)တန် ငွေစက္ကူအသစ် အာဇာနည်နေ့တွင် ထုတ်ဝေမည်
ဇွန် 18, 2020
By Tachileik News Agency

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံပါသည့် ကျပ်ငွေ (၅၀၀)တန် ငွေစက္ကူအသစ် အာဇာနည်နေ့တွင် ထုတ်ဝေမည်

ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါသည့် (၅၀၀)ကျပ်တန် ငွေစက္ကူသစ်ကို ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၁၉)ရက်နေ့ အာဇာနည်နေ့တွင် စတင်ထုတ်ဝေမည် ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဇွန်လ (၁၈)ရက်နေ့၌ သတင်းထုတ်ပြန်သည်။

(၅၀၀)ကျပ်တန် ငွေစက္ကူအသစ်ထုတ်ဝေသော်လည်း ငွေစက္ကူအဟောင်းများမှာလည်း တရားဝင်ငွေအဖြစ် ဆက်လက်တည်ရှိမည်ဖြစ်ကြောင်း သိရသည်။

(၅၀၀)ကျပ်တန်ငွေစက္ကူသစ်၏ မျက်နှာစာတွင် ဗိုလ်ချုပ်အောင်ဆန်းပုံရိုက်နှိပ်ထားပြီး နောက်ကျောဘက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ပုံကို ရိုက်နှိပ်ထားမည်ဖြစ်သည်။

မြန်မာငွေစက္ကူများကို ခြင်္သေ့ရုပ်ပုံ၊ ဆင်ရုပ်ပုံတို့ဖြင့် ရိုက်နှိပ်ထုတ်ဝေထားရာမှ ဗိုလ်ချုပ်အောင်ဆန်းပုံရိုက်နှိပ်ထားသည့် ကျပ်တစ်ထောင်တန် ငွေစက္ကူပုံစံသစ်ကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့ လွတ်လပ်ရေးနေ့က စတင်ထုတ်ဝေ လည်ပတ်သုံးစွဲခဲ့ပြီး ယခင် တစ်ထောင်ကျပ်တန် ငွေစက္ကူများသည်လည်း တရားဝင်ငွေအဖြစ် ဆက်လက်သုံးစွဲနေခြင်းဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ တစ်ထောင်ကျပ်တန်ငွေစက္ကူနှင့် လက်ရှိထုတ်ဝေမည့် ငါးရာကျပ်တန်ငွေစက္ကူများ၏ အရွယ်အစားမှာ အလျား (၁၅၀) မီလီမီတာ အနံ (၇၀) မီလီမီတာဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~