{ကြော်ငြာ} realme ၏ အဆင့်မြင့်စမတ်ဖုန်း realme 7 Pro တွင် ၃၄ မိနစ်အတွင်း ဖုန်းအားအပြည့်သွင်းပေးနိုင်မည့် 65 W Super Dart Charge အားသွင်းစနစ်ကို ထည့်သွင်းပေးထားမည်

{ကြော်ငြာ} realme ၏ အဆင့်မြင့်စမတ်ဖုန်း realme 7 Pro တွင် ၃၄ မိနစ်အတွင်း ဖုန်းအားအပြည့်သွင်းပေးနိုင်မည့် 65 W Super Dart Charge အားသွင်းစနစ်ကို ထည့်သွင်းပေးထားမည်
အောက်တိုဘာ 17, 2020
By Tachileik News Agency
 

 

{ကြော်ငြာ} realme ၏ အဆင့်မြင့်စမတ်ဖုန်း realme 7 Pro တွင် ၃၄ မိနစ်အတွင်း ဖုန်းအားအပြည့်သွင်းပေးနိုင်မည့် 65 W Super Dart Charge အားသွင်းစနစ်ကို ထည့်သွင်းပေးထားမည်
 
ကမ္ဘာ့တိုးတက်မှုအမြန်ဆုံး စမတ်ဖုန်းအမှတ်တံဆိပ် realme အနေဖြင့် ၎င်းတို့ Number Series ထုတ်ကုန်သစ်ဖြစ်သော realme 7 Pro တွင် အားသွင်းမြန်ဆန်မှုအပိုင်း အသာလွန်ဆုံးဖြစ်သော 65W Super Dart Chage စနစ်ကို တစ်ပါတည်းသွင်းပေးထားမည်ဖြစ်ပြီး (၃၄) မိနစ်အတွင်းမှာပင် ဖုန်း၏ 4500mAh battery ကို အားအပြည့်သွင်းပေးနိုင်စေမည်ဖြစ်ကြောင်း သိရှိရသည်။ 
 
ယခု အသစ်မိတ်ဆက်ပေးလိုက်သည့် 65W SuperDart Charge အားသွင်းစနစ်မှာ သုံးစွဲသူများလက်ထဲသို့ ထည့်သွင်းပေးလိုက်သည့် realme ၏ အားအမြန်ဆုံးသွင်းစနစ်တစ်ခုလည်းဖြစ်ပြီး ယခင်က realme X2 Pro တွင်ထည့်သွင်းပေးထားသည့် 50W စနစ်မှာ ယခု 65W Super Dart Charge စနစ်မတိုင်ခင် realme ၏ အမြန်ဆုံးအားသွင်းစနစ်အဖြစ်ရပ်တည်ခဲ့ခြင်းဖြစ်သည်။ 
 
ယနေ့ခေတ် စမတ်ဖုန်းသုံးစွဲသူများကို ပြန်လည်လေ့လာကြည့်ရှုချက်အရ တစ်နေ့တာအတွင်း စမတ်ဖုန်းသုံးစွဲမှုအချိန် ပိုမိုများပြားလာသည်နှင့်အညီ မြန်ဆန်တိုးတက်သည့် ခေတ်ရေစီးကြောင်းတွင် အချိန်ပိုမိုအသုံးပြုလာရသည့် စမတ်ဖုန်းအတွက် ပိုမိုမြန်ဆန်သည့် အားသွင်းနည်းပညာများကိုပါ တိုး၍တောင်းဆိုလာကြောင်း သိရှိထားသည်။ 
 

 

 
ထို့အတွက်ကြောင့် သုံးစွဲသူများ၏ ပြောင်းလဲတိုးတက်တောင်းဆိုမှုများကို ဖြည့်ဆည်းပေးနိုင်စေရန်အတွက် realme အနေဖြင့် Consumer Level အတိုင်းအတာအထိ ချက်ချင်းရယူအသုံးပြုနိုင်စေမည့် အားအမြန်သွင်းစနစ်များကို ဆင့်ကဲတီထွင်ဆန်းသစ်ဖန်တီးပေးလာခဲ့ခြင်းဖြစ်ပြီး 18W, 20W, 30W, 50W တို့ကဲ့သို့ မြန်ဆန်သည့်အားသွင်းစနစ်များကို ဈေးကွက်အတွင်းသို့ သက်ဆိုင်ရာထုတ်ကုန်အဆင့်အလိုက် ထည့်သွင်းပေးထားခဲ့သလို ယခုအခါတွင်လည်း သုံးစွဲသူများအသင့်သုံးနိုင်စေမည့် realme ၏အမြန်ဆုံးအားသွင်းနည်းစနစ် 65W SuperDart Charge ကို ထုတ်ကုန်သစ် realme 7 Pro တွင် တစ်ပါတည်းထည့်သွင်းပေးလာခဲ့ခြင်းကြောင့် ပိုမိုကောင်းမွန်မြန်ဆန်သည့် အားသွင်းနည်းပညာကို ထိတွေ့အသုံးပြုနိုင်တော့မည်ဖြစ်သည်။ 
 
realme Myanmar အနေဖြင့်လည်း ယခု realme Number Series ထုတ်ကုန်သစ်ဖြစ်သော realme 7 Series တို့ကို မိတ်ဆက်ပေးသွားရန်ပြင်ဆင်လျက်ရှိပြီး ထူးခြားသည့် 65W SuperDart Charge အားသွင်းစနစ်ကို realme 7 Pro နှင့်အတူ ရရှိနိုင်စေမည်ဖြစ်သည်။ 
 
ယခု 65W SuperDart Charge အားအမြန်သွင်းစနစ်၏အားသာချက်ကြောင့် realme 7 Pro စမတ်ဖုန်းကို (၁၂) မိနစ်အားသွင်းရုံဖြင့် အားပမာဏ (၅ဝ) ရာခိုင်နှုန်းအထိ အားဝင်စေမည်ဖြစ်သည်။ 
 
ထို့အပြင် (၃) မိနစ်အားသွင်းပြီး (၁၃) ရာခိုင်နှုန်းအထိ အားပမာဏရရှိစေကာ ယခုပမာဏဖြင့် PUBG ဂိမ်းကို (၁) နာရီ (၂၂) မိနစ်၊ YouTube ကို (၂) နာရီ (၅၄) မိနစ်နှင့် Stand-by အဖြစ် (၄) ရက်ကြာထားရှိ အသုံးပြုနိုင်စေမည်ဖြစ်သည်။ 
 
realme 7 Pro မှာ ယခုကဲ့သို့အလွန်မြန်ဆန်သည့် 65W SuperDart Charge စနစ်ပါဝင်လာခြင်းကြောင့် 18W PD/QC Charge စနစ်ကိုပါ ထောက်ပံ့ထားကာ အခြား 18W စနစ်ပါဝင်သည့်ဖုန်းတစ်လုံးကိုပါ အမြန်စနစ်ဖြင့် အားပြန်သွင်းပေးနိုင်စေမည်ဖြစ်သည်။ 
 
ဖုန်းအားသွင်းပေးသည့်အချိန်တွင် လုံခြုံဘေးကင်းစေရန်အတွက် မြောက်မြားလှသည့် Safety Standard နှင့် စောင့်ကြည့်ထိန်းချုပ်ပေးသည့် စနစ်များကိုထည့်သွင်းပေးထားသည်။