အသက်(၆၀)အထက် သက်ကြီးရွယ်အိုများထဲက မဲရုံကို မသွားနိုင်သူတွေကို အိမ်တိုင်ရာရောက် ကြိုတင်မဲ ကောက်ခံပေး
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက်အတွင်းမှာရှိတဲ့ အသက်(၆၀) အထက် သက်ကြီးရွယ်အိုများဟာ မဲရုံကို မလာရောက်နိုင်တဲ့အတွက် ကြိုတင်ဆန္ဒမဲတွေပေးနိုင်ရန်အတွက် ၂၀၂၀ ခုနှစ် နိုဝင်ဘာလ (၄) ရက်နေ့က အိမ်တိုင်ရာရောက် ကြိုတင်ဆန္ဒမဲတွေ လိုက်လံကောက်ခံခဲ့ပြီး အဖွဲ့စုံနဲ့ညှိနှိုင်းဆောင်ရွက်နေတယ်လို့ တာချီလိတ်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌက ပြောပါတယ်။
အသက် (၆၀) နှစ်နှင့်အထက် မဲရုံကို လာရောက်နိုင်ခြင်းမရှိတဲ့ သက်ကြီးရွယ်အိုတွေကို ရွှေ့လျားမဲပုံးနဲ့ အိမ်တိုင်ရာရောက် ဆန္ဒမဲလက်မှတ်ကောက်ယူရာမှာ သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့က ဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။၊
Tachileik News Agency
သတင်းတင်ဆက် - ကိုဇောင်း