တာချီလိတ်မြို့ လွယ်စတုံရွာတွင် တရုတ်နိုင်ငံသား (၅၀)ကျော် ဖမ်းမိ

တာချီလိတ်မြို့ လွယ်စတုံရွာတွင် တရုတ်နိုင်ငံသား (၅၀)ကျော် ဖမ်းမိ

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့၊ လွယ်စတုံ(အထက်)ကျေးရွာအတွင်း ခြံဝန်းတွင်  တရုတ်နိုင်ငံသား (၅၀)ကျော် ဖမ်းဆီးရမိကြောင်း သိရသည်။

တာချီလိတ်မြို့ ဝမ်လုံးကျေးရွာအုပ်စု၊ လွယ်စတုံ(အထက်)ကျေးရွာအတွင်း အောင်ချမ်းသာဘုန်းကြီးကျောင်းအနီး တောင်ကုန်းပေါ်ရှိ သီးခြားခြံဝန်းအတွင်း၌ တရုတ်နိုင်ငံသားများကို ယနေ့ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ(၁၀)ရက်နေ့ နံနက် (၉)နာရီဝန်းကျင်အချိန်က ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် (၅၀)ကျော်တွင် အမျိုးသား အများစု ပါဝင်ကြောင်း သိရသည်။

ဖမ်းမိသည့် တရုတ်နိုင်ငံသား (၅၀)ကျော်သည် ကျားဖြန့် လုပ်ငန်း သို့မဟုတ် တရားမဝင်ရွှေတူးဖော်လုပ်ငန်းများနှင့် ဆက်စပ်ခြင်း ရှိ မရှိ စစ်ဆေးနေလျှက်ရှိကြောင်း သိရသည်။