ရေစကြိုမြို့နယ် ဆင်မရဲကျေးရွာ ပျူစောထီးစခန်းအား တော်လှန်ရေးတပ်ပေါင်းစု အပြီးသတ် တိုက်ခိုက်သိမ်းပိုက်

ရေစကြိုမြို့နယ် ဆင်မရဲကျေးရွာ ပျူစောထီးစခန်းအား တော်လှန်ရေးတပ်ပေါင်းစု အပြီးသတ် တိုက်ခိုက်သိမ်းပိုက်

မကွေးတိုင်း ပခုက္ကူခရိုင် ရေစကြိုမြို့နယ် ဆင်မရဲကျေးရွာ ပျူစောထီးစခန်းအား တော်လှန်ရေးတပ်ပေါင်းစုမှ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ကြောင်း Urban Underground Revolution Force-YSO မှ ယနေ့ ၂၀၂၄ခုနှစ် စက်တင်ဘာလ (၂၅) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ရေစကြိုမြို့နယ် ဆင်မရဲကျေးရွာ ပျူစောထီးစခန်းကို စက်တင်ဘာလ (၂၁)ရက်နေ့ နံနက်(၄)နာရီခွဲတွင် တော်လှန်ရေးတပ်ပေါင်းစုမှ စတင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နေ့လယ် (၁၁)နာရီခွဲတွင် နောက်ဆုံး ဘန်ကာတစ်ခုသာကျန်ရှိချိန်၌ စစ်ကောင်စီမှ Mi-35 ဖြင့် (၂)ကြိမ် လာရောက်ပစ်ကူ ပေးခဲ့ပြီး (၁၂) နာရီခန့်တွင် ဂျက်ဖိုက်တာဖြင့် (၂) ကြိမ် ထပ်မံ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

လေကြောင်းတိုက်ခိုက်မှုနှင့်အတူ နေ့လယ်ပိုင်းတွင် စစ်ကောင်စီမှ ရေကြောင်းမှ အင်အား (၆၀)ခန့် စစ်ကူပို့ဆောင်ခဲ့သဖြင့် တော်လှန်ရေးတပ်ပေါင်းစုမှ ပြန်လည်ဆုတ်ခွာခဲ့ပြီး ပျူစောထီးစခန်းအား ဒရုန်းများဖြင့် တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့နောက် စက်တင်ဘာလ (၂၃)ရက်နေ့ နံနက် (၇)နာရီတွင် ပျူစောထီးခေါင်းဆောင် ကျော်တိုးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရေကြောင်းမှ ထွက်ပြေးသွားခဲ့ပြီးနောက် ဆင်မရဲကျေးရွာ ပျုစောထီးစခန်းကို တော်လှန်ရေးတပ်ပေါင်းစုမှ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆင်မရဲပျူကျေးရွာအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် MA အောက်တွဲ (၁)လက်၊ ကျည် (၁၄)တောင့် ၊ G3 (၁)လက်၊ ကျည် (၃၀)တောင့် ၊ ကာဘိုင် (၂)လက်၊ ကျည် (၇၆၅)တောင့် ၊ ရှော့ဂန်း (၄)လက် ၊ 40mm (၁)လုံး၊ ဂျမ်ဘာအထိုင်ဆက် (၁)လုံး၊ လက်ပစ်ဗုံး (၅)လုံးနှင့် ရှေ့ထွက်မိုင်း  (၁)လုံး သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအား Urban Underground Revolution Force-YSO မှ ဦးဆောင်၍ ပခုက္ကူခရိုင် တပ်ရင်း (၁၀) (3)(2)၊ ဒေါင်း‌သွေးနီ‌‌ပြောက်ကျားတပ်ဖွဲ့(YSO)၊ ဒေါင်းစစ်သည်ပြောက်ကျားတပ်ဖွဲ့(PKU)၊ ဒေါင်းညီနောင်၊ မြင်းခြံခရိုင်အမှတ်(၁)တပ်ရင်း၊ သွေးသောက်(YSO)၊RDF(PKU)၊ Burma Revolution Group၊ မြောင်တပ်ပေါင်းစု၊ နဂါးနီအထူးတပ်ဖွဲ့(မြိုင်)၊ Myaing Revolution tream၊ ညီနောင်သုံးဖော်(YSO)၊ Dragon Brother (YSO)၊ ဒရုန်းတပ်ဖွဲ့(မြိုင်  ပကဖ)နှင့် RCပလိမ်းတပ်ပေါင်းစုတို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency