စစ်ကိုင်းမြို့နယ် ဆားတောင်နယ်မြေရဲစခန်းအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်

စစ်ကိုင်းမြို့နယ် ဆားတောင်နယ်မြေရဲစခန်းအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် ဆားတောင်နယ်မြေရဲစခန်းအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ ဒရုန်းများဖြင့် ဗုံးသီးကြဲချ တိုက်ခိုက်ကြောင်း Phoenix-Sagaingမှ ၂၀၂၄ ခုနှစ် ဇွန်လ (၁၇) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ဆားတောင်နယ်မြေရဲစခန်းအား ဇွန်လ (၁၅) ရက်နေ့ နံနက် (၁၁) နာရီအချိန်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ ဒရုန်းများဖြင့် ဗုံးသီး (၇) လုံး ပစ်ချတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်မှုများရှိနိုင်ကြောင်း Phoenix-Sagaing မှ ဆိုသည်။

တိုက်ခိုက်မှုပြီးနောက် စစ်ကောင်စီဘက်မှ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို Phoenix–Sagaing၊ Unicorn Guerrilla Force၊ Royal Falcon Guerrilla Force ၊ ကြောင်လက်သည်း (ဝက်လက်)၊ စစ်ကိုင်းမြို့နယ်(ပကဖ)၊ စစ်ကိုင်းခရိုင် အမှတ်(၇) တပ်ရင်းတို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency