ကချင်ပြည်နယ်အတွင်း လွယ်ကျယ် ခလရ တပ်ရင်း(၁၄၁)မှ ထွက်ပြေးလာသည့် အာဏာသိမ်း စစ်အုပ်စု၏ တပ်သားတစ်ဦးကို ဇွန်လ(၂၀)ရက်က ဖမ်းဆီးရမိခဲ့ကြောင်း Eagles Army-HPDF က ဇွန်လ(၂၂) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
၎င်းတပ်သားမှာ ကိုယ်ပိုင်အမှတ် တ - ၅၅၅၃၅၁၊ မောင်ရဲထက်အောင်ဖြစ်ပြီး မန်းလေး-ဗန်မော် မဟာဗျူဟာလမ်းတစ်နေရာ၌ ဖမ်းဆီးရမိခဲ့ကာ သက်ဆိုင်ရာပြည်သူ့ရင်ခွင်သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဇွန်လ(၁၁)ရက်နေ့ကလည်း ပုလိပ်ရဲတပ်ရင်း (၁၄)မှ ကိုယ်ပိုင်နံပါတ် လ/၁၉၆၄၃၃ ဒုရဲအုပ်သန်းဝင်းအောင်ဆိုသူကို မန်းလေး-ဗန်းမော် မဟာဗျူဟာလမ်းတစ်နေရာတွင် ဖမ်းဆီးရမိခဲ့သေးသည်။
ဒါ့အပြင် ဇွန်လ(၁၀)ရက်နေ့ကလည်း တပ်မ (၈၈)၊တပ်ရင်း ခလရ (၈၃)မှထွက်ပြေးလာသည့် ကိုယ်ပိုင်နံပါတ် တ ၅၇၀၅၇၂၊ တပ်သား သက်ကိုကိုထွေးနှင့် ကိုယ်ပိုင်နံပါတ် တ ၅၇၀၅၇၃၊ တပ်သား ရှိင်းဝနအောင် တိုကို မန်းလေး-ဗန်းမော်မဟာဗျူဟာလမ်းတစ်နေရာ ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။