အာဏာသိမ်းစစ်ကောင်စီ အပါအဝင် ၎င်းတို့ ဖွဲ့စည်းပေးထားသည့် အဖွဲ့များဖြင့် တွေ့ဆုံရန်ဖြစ်စေ အာဏာသိမ်းစစ်ကောင်စီ၏ ရွေးကောက်ပွဲကျင်းပရန် ကြိုးပမ်းမှုနှင့် ပတ်သက်၍ နိုင်ငံတကာအဖွဲ့အစည်း၊ သံရုံးများနှင့် ဆက်စပ်ချိတ်ဆက်ရန် ဖြစ်စေ မည်သူ့ကိုမှ ကိုယ်စားပြုရန် တာဝန်ပေးထားခြင်း မရှိကြောင်း ၂၀၂၂ ခုနှစ် မေလ (၁) ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၏ ဗဟိုအလုပ်ကော်မတီက သတင်းထုတ်ပြန်သည်။
NLD ဗဟိုအလုပ်ကော်မတီနှင့် ဗဟိုကော်မတီဝင်များ၊ ဗဟိုရေးရာကော်မတီဝင်များ၊ ပြည်နယ်နှင့်တိုင်း တာဝန်ခံများ၏ ဧပြီလ (၃၀)ရက်နေ့က ပြုလုပ်သည့် အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် ထုတ်ပြန်ချက်ဖြစ်သည်ဟု သိရသည်။
#TachileikNewsAgency