ခင်ဦးမြို့နယ် သာဂရကျေးရွာနှင့် မြင်းဒေါင်းကျေးရွာအကြားတွင် PDF နှင့် အာဏာသိမ်းစစ်တပ်တို့ တိုက်ပွဲဖြစ်ပွား

ခင်ဦးမြို့နယ် သာဂရကျေးရွာနှင့် မြင်းဒေါင်းကျေးရွာအကြားတွင် PDF နှင့် အာဏာသိမ်းစစ်တပ်တို့ တိုက်ပွဲဖြစ်ပွား
ဇွန် 19, 2021

ခင်ဦးမြို့နယ် သာဂရကျေးရွာနှင့် မြင်းဒေါင်းကျေးရွာကြားတွင် PDF နှင့် အာဏာသိမ်းစစ်တပ်အကြား တိုက်ပွဲဖြစ်ပွား

စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ သာဂရကျေးရွာနှင့် မြင်းဒေါင်းကျေးရွာအကြားတွင် ဒေသခံ PDF နှင့် အာဏာသိမ်းစစ်တပ်အကြား ယနေ့ ၂၀၂၁ခုနှစ် ဇွန်လ (၁၉) ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

ပစ်ခတ်သံတွေက နေ့လည် (၂)နာရီလောက်မှာ စကြားရတာ။ ခင်ဦးကနေ စစ်သားအယောက် (၂၀) လောက် ကားသေး (၂) စီးနဲ့ (၂) နာရီခွဲလောက်မှာ မြင်းဒေါင်းဘက်ကို သေနတ်တွေဖောက်ပြီး အတင်းမောင်းသွားတယ်

ဟု မြို့ခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ညနေ (၄) နာရီခန့်တွင် ပြောသည်။

သာဂရရွာဘက်သို့ လာရောက်သည့် အာဏာသိမ်းစစ်တပ်နှင့် PDF တို့ နေ့လည် (၁) နာရီခွဲကျော်ခန့်တွင် ရွာအရှေ့ဘက်ရှိ ဆန်စက်အနီးတိုက်ပွဲစတင် ဖြစ်ပွားပြီးနောက် ထပ်မံရောက်ရှိလာသည့် စစ်ကူများနှင့် သာဂရနှင့် မြင်းဒေါင်းကျေးရွာကြားရှိ အလယ်တံတားတွင် တိုက်ပွဲဖြစ်ပွားနေသည်။

တိုက်ပွဲတွင် အာဏာသိမ်းစစ်ကောင်စီဖက်မှ အင်းအား (၄၀) ကျော်ခန့်ရှိနေပြီး  သေဆုံးမှုများလည်း ရှိနေကြောင်း သိရသော်လည်း အရေအတွက်ကို  သီးခြားအတည်နိုင်ခြင်း မရှိသေးပေ။