တာချီလိတ်မြို့နှင့်နီးသည့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် Covid-19 အတည်ပြုလူနာ (၁၁)ဦး ၂၀၂၁ခုနှစ် မေလ(၄)ရက်နေ့တွင် ထပ်တိုး၍ လက်ရှိတွင် စုစုပေါင်း အတည်ပြုလူနာ (၁၃၇)ဦးအထိ ရှိနေကြောင်း သိရသည်။
အတည်ပြုလူနာ (၁၃၇)ဦးအနက် (၁)ဦးမှာ ဧပြီလ(၃၀)ရက်နေ့က သေဆုံးသွားပြီး လက်ရှိတွင် ကုသမှု ခံယူနေသူမှာ (၆၈)ဦး ရှိနေကြောင်း သိရသည်။
ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် ဧပြီလ(၃၀)ရက်နေ့က Covid-19 အတည်ပြုလူနာ အမျိုးသားတစ်ဦး သေဆုံးသွားသည့်အတွက် ဆရာဝန်နှင့်သူနာပြုများ အပါအဝင် ကျန်းမာရေးဝန်ထမ်း (၈၈)ဦးမှာ Quarentine လုပ်ဆောင်လိုက်ရသည့်အတွက် မယ်ဆိုင်ဆေးရုံတွင် အရေးပေါ်လူနာများကိုသာ အဓိက ထား၍ မေလ(၁၆)ရက်နေ့အထိ ကုသပေးသွားမည်ဖြစ်ကြောင်း နှင့် ရိုးရိုးလူနာများကို မေလ(၁၆)ရက်နေ့ ကျော်လွန်မှသာ ကုသပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။