တာချီလိတ်မြို့ ချစ်ကြည်ရေး ဆီပန့်အ၀င်ပေါက်တွင် ကားနှင့်ဆိုင်ကယ် ယာဉ်တိုက်မှုဖြစ်ပွားရာ ဒဏ်ရာရသူမှာ ဆေးရုံတွေ သေဆုံး

တာချီလိတ်မြို့ ချစ်ကြည်ရေး ဆီပန့်အ၀င်ပေါက်တွင် ကားနှင့်ဆိုင်ကယ် ယာဉ်တိုက်မှုဖြစ်ပွားရာ ဒဏ်ရာရသူမှာ ဆေးရုံတွေ သေဆုံး
စက်တင်ဘာ 14, 2012
By Tachileik News Agency

တာချီလိတ်မြို့ ဟောင်လိတ်ကျေးရွာအုပ်စု ပါဆတ်ရွာ ချစ်ကြည်ရေးဆီပန့်ဝန်းအတွင်းတွင် ယနေ့နံနက် (၁၁း၄၀)ချိန် က ကားနှင့်ဆိုင်ကယ် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး ဒဏ်ရာရသူမှာ ဆေးရုံတွင် သေဆုံးသွားကြောင်း သိရှိရသည်။

၂၀၁၂ခုနှစ် စက်တင်ဘာ(၁၄)ရက်နေ့ နံနက်(၁၁း၄၀)ချိန်က ကားနှင့်ဆိုင်ကယ် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာမှာ အာခါဈေးဘက်မှ ချစ်ကြည်ရေးဆီပန့်အတွင်းသို့ လူနှစ်ဦး စီးနှင်းလိုက်ပါလာသော မော်တော်ဆိုင်ကယ် ( Pinbo wave-125) သည် ဆီပန့်အ၀င်လမ်း၏ ဝဲဘက်ယာဉ်ကြောမှ မောင်းနှင်လာစဉ် ဆီပန့်အတွင်းမှ ဆီဖြည့်ပြီး မောင်းထွက်လာသော ToYoTa DyNa အပြာရောင် ကားအား အရှိန် မထိန်းနိုင်တော့ဘဲ ၀င်ရောက်တိုက်မိလဲကျခဲ့ရာမှ
မော်တော်ဆိုင်ကယ် မောင်းသူအသက်(၂၆)နှစ်အရွယ်တွင် နှာခေါင်းအတွင်းမှ သွေးထွက်ဒဏ်ရာ အနည်းအငယ်ရရှိခဲ့ပြီး အနောက်မှနေ၍ စီးနှင်လိုက်ပါလာသူ အသက်(၂၇)နှစ်အရွယ်မှာ ဦးခေါင်းနောက်စေ့ဖူးရောင်ပြီး  နှားနှစ်ဖက်စလုံးအတွင်းမှ သွေးများထွက်ကာ ဒူးနှစ်ဖက်စလုံးတွင်လည်း ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့သည်။ ဒဏ်ရာများရရှိနေသော အသက်( ၂၇ )အား  သက်ဆိုင်သူများနှင့် ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

မော်တော်ဆိုင်ကယ်အနောက်မှ လိုက်ပါလာသော အသက်(၂၇)အရွယ်သည် ဒဏ်ရာများရရှိ၍
 ဆေးရုံ၌ ဆေးကုသမှုခံယူနေစဉ် အတွင်းမှာပင် သေဆုံးသွားခဲ့သည်။ သေဆုံးသူသည် မိုင်းဖြတ်မြို့နယ် ၀မ်မိုင်ရွာဟောင်းတွင် နေထိုင်သူဖြစ်ကြောင်း သိရှိရသည်။

ယာဉ်တိုက်မှုနှင့် ပတ်သက်၍ တာချီလိတ်ခရိုင်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဆိုင်ကယ်အား လက်ယာကပ်မောင်းစနစ်ဖြင့် မောင်းနှင်ခြင်းမပြုပဲ လမ်းပြောင်းပြန် အရမ်းမဲ့ မောင်းနှင်သဖြင့် လူအားသေစေခဲ့သောကြောင့် ဆိုင်ကယ်မောင်းသူအား ဥပဒေအရ အရေးယူရန် ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါသည်။

ပုံများကို ကြည့်ရန်

တာချီလိတ်အွန်လိုင်းစာမျက်နှာ