၂၀၁၂ခုနှစ် စက်တင်ဘာ(၁၇)ရက်နေ့ နံနက်ပိုင်းတွင် တာချီလိတ်ခရိုင်/မြို့နယ်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကော်မတီဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်(၂)ဦးမှ စာသင်ကျောင်းအတွက် စာသင်ခုံ(၁၀)စုံနှင့် ဆောက်လုပ်နေလျှက်ဖြစ်သော
အာခါတိုင်းရင်းသားရိုးရာယဉ်ကျေးမှုရုံးအတွက် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိပါသည်။
၂၀၁၂ခုနှစ် စက်တင်ဘာ(၁၇)ရက် နံနက်ပိုင်းတွင် တာချီလိတ်မြို့ ဟောင်လိတ်ကျေးရွာအုပ်စုဝင် ပါလျံ(၁) ရန်အောင်မြေ အခြေခံပညာမူလတန်းလွန်ကျောင်းရှိ ကျောင်းဆောင်သစ်အား ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနား၌ အမျိုးသားလွတ်တော် ကိုယ်စားလှယ် ဦးဝီလ်ဆင်မိုး၊
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း နှင့် ခရိုင်/မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင်များ တက်ရောက်ခဲ့ပြီး တန်ဘိုးငွေ ထိုင်းဘတ် ( ၁၀၀၀၀ )ဘတ်ရှိသော ရုံးသုံးစားပွဲ၊ ပလပ်စတစ်ထိုင်ခုံ၊ ဘီဒိုနှင့် ကုလားထိုင်များကို အမျိုးသားလွတ်တော် ကိုယ်စားလှယ် ဦးဝီလ်ဆင်မိုးမှ လှူဒါန်းခဲ့သည်။ ထို့ပြင် ခရိုင်/မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင်များမှ ကျောင်းစာသင်ခုံ(၁၀)စုံအား ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရှိရပါသည်။
ဆက်လက်ပြီး နံနက်(၁၀း၁၀)အချိန်တွင် အမျိုးသားလွတ်တော် ကိုယ်စားလှယ် ဦးဝီလ်ဆင်မိုး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း နှင့် ခရိုင်/မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင်များသည် အာခါတိုင်းရင်းသားရိုးရာယဉ်ကျေးမှုရုံး တည်ဆောက်ရာနေရာသို့ သွားရောက်ပြီး ဦးဝီလ်ဆင်မိုး မှ ဘတ်ငွေ(၁၀၀၀၀)နှင့် ဒေါ်တင်မေထွန်း မှ ဘတ်ငွေ(၁၀၀၀၀) စုစုပေါင်း ဘတ်ငွေ(၂၀၀၀၀)အား အလှူငွေအဖြစ် ပေးအပ်လှူဒါန်း ခဲ့ကြကြောင်း သိရှိရပါသည်။
တစ်ဆက်တည်းမှာပင် နံနက်(၁၀း၃၅)အချိန်တွင် ၎င်းတို့သည် ဟောင်လိတ်ကျေးရွာအုပ်စုရှိ မာရီယာ၏မျှော်လင့်ခြင်း တွင် စက်ချုပ်သင်တန်းတက်ရောက်နေသည့်
ကျောင်းသူများ နှင့် ဟောရှဏ္ဏအသင်းတော်မှ ဘာသာရေးသင်တန်းတက်နေသော
ကျောင်းသား ကျောင်းသူများထံ သွားရောက်၍ ကျောင်း၌လိုအပ်နေသော စားသောက်ဖွယ်များ နှင့် စက်ချုပ်ရာ၌လိုအပ်နေသော ရှမ်းစက္ကူများကို လှူဒါန်းခဲ့ကြကြောင်း သိရှိရပါသည်။
မှတ်တမ်းဓါတ်ပုံများကို ကြည့်ရန်