၂၀၁၂ခုနှစ် စက်တင်ဘာ(၁၈)ရက် နံနက်(၁၁း၁၅)ချိန်တွင် တာချီလိတ်မြို့ စည်ပင်သာယာရေးအဖွဲ့သည် ပျံကျဈေးသည်များအား ချပေးထားသော ချေးငွေ၏ အမြတ်အစွန်းထဲမှ အမြတ်ငွေတစ်ချို့ဖြင့် ဆင်းရဲနွမ်းပါး ကျောင်းနေရွယ် ကလေးသူငယ်(၉)ဦးအား ကျောင်းသုံး စာရေးကိရိယာများ
ပေးအပ်လှူဒါန်းကြောင်း သိရှိရသည်။
တာချီလိတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးကိုကို နှင့် စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ ဈေးတာဝန်ခံများသည် တာချီလိတ်မြို့စည်ပင်ရုံး၌
ကျောင်းနေရွယ်ကလေး (၉)ဦးအား ဗလာစာအုပ်များ ခဲတံများ ပေးလှူခဲ့ကြသည်။
ယင်းကဲ့သို့ လှူဒါန်းခြင်းသည် ပျံကျဈေးသည်များအား ချေးငွေများချထားပေးရာမှ ရရှိလာသော အမြတ်အစွန်းများထဲမှ ငွေများဖြင့် လှူဒါန်းခြင်း ဖြစ်ကြောင်း သိရှိရသည်။
စည်ပင်သာယာရေးအဖွဲ့မှ ပညာရေးနှင့်ပတ်သက်၍ ယခုအကြိမ်သည် ၂၀၁၂ခုနှစ်ရဲ့ ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်ကိုတော့ ကျောင်းစဖွင့်ချိန်က ကလေးသူငယ်များအား ကျောင်းဝတ်စုံများ နှင့်
ကျောင်းအပ်ခများကို ပထမအကြိမ်အဖြစ် ထောက်ပံ့ လှူဒါန်းခဲ့ကြောင်း သိရပါသည်။