စက်တင်ဘာ(၁၈)ရက်နေ့ နံနက် (၉း၀၀)နာရီတွင် တာချီလိတ်မြို့နယ် ပညာရေးစီမံခန့်ခွဲမှုကော်မတီနှင့် ယူနီဆက်မှ Education Specialist Mr . Christion ဦးဆောင်သော ယူနီဆက်အဖွဲ့၊ အမှတ်(၂)အခြေခံပညာဦးစီးဌာနတို့မှ တာဝန်ရှိသူတို့နှင့် တွေ့ဆုံဆွေးနွေးပွဲကျင်းပပြုလုပ်ရာ
ကော်မတီဥက္ကဌ မြို့နယ်ပညာရေးမှူးဦးစိန်ထွန်းလှနှင့် ကော်မတီဝင်များတက်ရောက်ခဲ့ကြသည်။
အဆိုပါအစည်းအဝေးတွင် ယူနီဆက်တာဝန်ရှိသူ Education Specialist Mr . Christion
က ယူနီဆက်မှ ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေသည့် ပညာရေးဖွံ့ဖြိုးတိုးတက်ရေး
ကိစ္စများကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ထို့နောက် အမှတ်(၂)အခြေခံပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချယ်ရီဝင်းက ရုံးချုပ်အဆင့် ပူးပေါင်းဆောင်ရွက်နေမှုများကို ဆက်လက်ဆွေးနွေးပါသည်။
ပြီးနောက် တက်ရောက်လာသူ တာချီလိတ်မြို့နယ် ပညာရေးစီမံခန့်ခွဲမှု ကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များက ဒေသတွင်း စီမံချက်အကောင်အထည်ဖေါ်နေမှုများကို တင်ပြပြီး အားနည်းချက်၊ အားသာချက်များကို မှတ်တမ်းတင်၍ လိုအပ်သလို ဆောင်ရွက်နိုင်ရေးအတွက် အပြန်အလှန်ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်းသိရှိ ရပါသည်။